Welcome to PGDL (YUDE) Introduction မိတ်ဆက် ဥပဒေကို စတင်လေ့လာမယ်လို့ ဆုံးဖြတ်ခဲ့တဲ့နေ့က စပြီး ဒီလမ်းကြောင်းဟာ စာအုပ်တစ်အုပ်ဖွင့်လိုက်သလို ဖြစ်ခဲ့ပါတယ်။ အရင်က ဥပဒေဆိုတာ တရားရုံး၊ စာရွက်စာတမ်းတွေ၊ ခက်ခဲတဲ့ စကားလုံးတွေကြားက အရာတစ်ခုလို့ပဲ ထင်ခဲ့ပါတယ်။ ဒါပေမယ့် PGDL ကို စတင်လေ့လာပြီးနောက် ဥပဒေဟာ လူ့ဘဝနဲ့ နီးစပ်လှတဲ့ စည်းမျဉ်းတွေ၊ အခွင့်အရေးတွေ၊ တာဝန်ယူမှုတွေကို ပုံဖော်ထားတဲ့ ဘာသာရပ်တစ်ခုဆိုတာ နားလည်လာခဲ့ပါတယ်။ ဒီ Journey to Law ဟာ လွယ်ကူတဲ့ လမ်းမကြီး မဟုတ်ပါဘူး။ Contract Law ရဲ့ စည်းကမ်းချက်တွေကြားမှာ စိတ်ပူရသလို၊ Criminal Law ရဲ့ အယူအဆတွေကြားမှာ ပြစ်မှုမြောက်ခြင်း၊ သံသယနှင့် သူ့ အကျိုးဆက် ဆိုသည့်အပိုင်းတွေကို တွေ့ရပါတယ်။ Public Law ကို လေ့လာရင်းတော့ အာဏာနဲ့ တာဝန်၊ နိုင်ငံသားနဲ့ အစိုးရကြားက ဆက်ဆံရေးကို ပြန်လည်စဉ်းစားမိလာပါတယ်။ ဥပဒေပညာဘွဲ့လွန် (၁) နှစ် သင်တန်းပြီးပြီးမြောက်သွားရင်တော့ ရရှိသည့် လက်မှတ်သည် "Equivalent to Registered Lawyer Course" ဆိုပြီး ပါဝင်ပါသည်။ ဒီဘလော့ဂ်မှာတော့ ဥပဒေကို စတင်လေ့လာတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ ကြုံတွေ့ရတဲ့ စိတ်လှုပ်ရှားမှုတွေ၊ စိန်ခေါ်မှုတွေ၊ သင်ခ...
Policy Scientist | Leading Innovation at the Intersection of Risk, Governance & Technology