"Our mind, must have the stamina and courage" (Part-1) ရိုးရိုးသားသားကြိုးစားပါလျက် မဖြစ်မြောက်တဲ့အခါမှာ ဦးမညွှတ်ဘဲ သိက္ခာမပျက်နေတတ်အောင်၊ ဒါပေမဲ့ အောင်ပွဲခံချိန်မှာ ရိုကျိုးသူ၊ သိမ်မွေ့သူဖြစ်အောင် သင်ကြား အလုပ်မပါတဲ့ ငကြွားသက်သက်မဖြစ်အောင် သင်ကြား မုန်းတိုင်းကြားမှာ မားမားရပ်နိုင်အောင်၊ ဒါပေမဲ့ ယိုင်လဲသူအပေါ် ကရုဏာထားတတ်အောင် သင်ကြား သူများကို မကွပ်ကဲ မထိန်းသိမ်းမီ ကိုယ့်ကိုယ်ကိုယ် ကွပ်ကဲထိန်းသိမ်းတတ်အောင် သင်ကြား ရယ်စရာတွေ့ရင် ရယ်မောတက်အောင် ဒါပေမဲ့ ငိုစရာကြုံရင် ငိုဖို့ မမေ့အောင် သင်ကြား အနာဂတ်ကို အရောက်လှမ်းရင်း အတိတ်ကို မမေ့အောင် သင်ကြား အရာရာကို အလေးအနက်ထားပေမဲ့ မိမိကိုယ်မိမိ အလွန်အမင်း အလေးအနက်မထားအောင် သင်ကြား တကယ်ကြီးမြတ်တယ်ဆိုတာ ရိုးရိုးလေးပါ လားလို့ မိမိကိုယ်ကို နှိမ့်ချတက်အောင် သင်ကြားရပါသည်။ Douglas MacArthur: General of the Army Farewall Address at West Point
Policy Scientist | Technology is more than innovation—it is responsibility. This blog explores cybersecurity, digital transformation, leadership, law, and ethical business practices, with the goal of inspiring professionals to create secure systems, trusted organizations, and sustainable businesses.