စာရေးသူ သင်္ကြန် အတွင်းဖတ်မိနေသည့် အကြောင်းအရာ "Civil Society" Civil Society (အရပ်ဖက် အဖွဲ့အစည်း)တွေရဲ့ အဓိက တာဝန်က Promotes democracy, human rights, and social justice. It acts as a watchdog over government/military actions.ပါပဲ။ ဂျာမန်ဒဿနပညာရှင် Hegel ရဲ့ အမြင်မှာ နိုင်ငံတော် ဆိုတာ အမြင့်မြတ်ဆုံးသော အခြေပြအဆောက်အအုံကြီးဖြစ်ပေမဲ့ အဲ့ဒီအဆောက်အအုံကြီးက တစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို ဝါးမြိုမသွားအောင် တားဆီးပေးမယ့် ကြားခံနယ်မြေတစ်ခု လိုအပ်ပါတယ်။ အဲ့ဒါကတော့ Civil Society ပါပဲ။ ပြီးတော့ လူတွေဟာ ကိုယ်ပိုင်အကျိုးစီးပွားအတွက် စုဖွဲကြရင်းနဲ့ အများအကျိုးဆိုတာကို စတင်သင်ယူကြတာဖြစ်ပါတယ်။ ကျမ်းပြုသူ Rathod က ဒီဒဿနကို အသုံးချပြီး မီးမောင်းထိုးပြနေသည့်က "အစိုးရ ဟာ အမြဲတမ်း သူ့ရဲ့ အာဏာစက်ကို ချဲ့ထွင်ဖို ကြိုးစားနေမှာဖြစ်ပြီး အဲ့ဒီ အာဏာစက်ကို တားဆီးနိုင်မယ့် တစ်ခုတည်းသော ကြားခံခံတပ် ဟာ ခိုင်မာတဲ့ အရပ်ဘက်လူမှုအဖွဲအစည်းတွေပဲ" ဖြစ်တယ်ဆိုတာပါပဲ။
Policy Scientist | Leading Innovation at the Intersection of Risk, Governance & Technology