Skip to main content

About Blog

Open Diary တစ်ခုသာ ဖြစ်ပါတယ်။

အမှာစာ

    ကျွန်တော်ဟာ ဗုဒ္ဓဘာသာ တစ်ဦးဖြစ်တာနဲ့ အညီပဲ ကျွန်တော့် ရဲ့ ဘဝဖြတ်သန်းမှုအချို့ကို နောက်ခံထားပြီး ရေးသားဖော်ပြထားတဲ့ အင်တာနက် စာမျက်နှာ (Blog website) တွေထဲမှာ ဗုဒ္ဓ နောက်ခံတွေ ပါဝင်မှာပါ။ သို့ပေမဲ့ အဲဒီလို ရေးသားဖော်ပြရာမှာ ကျွန်တော့် အနေနဲ့ ဘာသာရေးဝါဒတွေ ဖြန့်ဖို့ မရည်ရွယ်ပါဘူး။
    ယင်းသို့ မရည်ရွယ်ရုံ မကဘဲ ထိုရည်ရွယ်ချက်နဲ့ ဆန့်ကျင်စွာပဲ ကျွန်တော်ဟာ မြန်မာနိုင်ငံသားတွေက မိမိနဲ့ ဘာသာ မတူသူတွေရဲ့ ယုံကြည်ကိုးကွယ်မှုတွေအပေါ််မှာ လေးစားမှု ရှိတယ်ဆိုတဲ့ အချက်ကို ကျွန်တော့် အင်တာနက် စာမျက်နှာ (Blog website) တွေထဲမှာ ထည့်သွင်း ဖော်ပြထားတာတွေရှိပါသည်။


As I am a Buddhist, I will write about some of my life experiences in the blog site, which will include Buddhist background topics. However, in writing this. I do not intend to spread religious ideology. Not only I intend to do so but contrary to that purpose, I have included in my blog website the fact that the people of Myanmar have respect for the beliefs of people of different religions.


အကြံပြုချက်-

 အကြောင်းအရာ တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ဂဃနဏ သိချင်တယ်ဆိုရင် မူလ ကျမ်းရင်းတွေ ဖတ်ဖို့ လိုပါတယ်။

(၁) အညွှန်းစာအုပ်

(၂) မိတ်ဆက် စာအုပ်

(၃) အဖွင့်ကျမ်း စာအုပ်

(၄) အညွှန်းကျမ်း စာအုပ်

(၅) စာစောင်တွေထဲက သုံးသပ်ဝေဖန်ချက်

(၆) ဆောင်းပါးတွေ ဖတ်ရုံနဲ့ မဖြစ်ပါဘူး။ 

ကိုယ်ဖတ်တဲ့ မိတ်ဆက် စာအုပ်လို၊ အဖွင့်ကျမ်းစာအုပ်တွေက  ရေးသူရဲ့ အတ္တနောမတိ တွေလွန်ကဲပြီးဖြစ်စေ၊ တမင်တကာ မသမာတဲ့ ရည်ရွယ်ချက်နဲ့လုပ်လို့ ဖြစ်စေ အမှားတွေ ဖြစ်နေရင် "ငါးပါးသာမက သံဃာစင်ပါမှောက်တဲ့ ကိန်း" ဆိုက်ရောက် သွားနိုင်ပါတယ်။

ကျွန်တော် ရေးသားဖော်ပြထားသည့် 
သိပ္ပံ၊ သင်္ချာ၊ အင်ဂျင်နီယာပညာ၊ နည်းပညာ များ နှင့် အနုပညာများ အား အောက်ပါ link တွင် တစ်စု တစ်စည်း ဖြစ်အောင် ဖော်ပြ ပေးထားပါသည်။

More info - 
    Main site (မူရင်း) https://www.nyanlinhtet.name/

Comments

Popular posts from this blog

"မုတမပါ၊ လင်္ကာမချော"

 မုတမပါ လင်္ကာ မချော "မုသားမပါ လင်္ကာမချော" မဟုတ်ပါ၊ "မုတ မပါ လင်္ကာ မချော" ဖြစ်ပါသည်၊ ပဥ္စသီလတွင် မုသာဝါဒသိက္ခာပုဒ်သည် ချိုးဖျက်ခြင်းငှာလွယ်သော သိက္ခာပုဒ်ဖြစ်သည်။ ဘုရားအလောင်းတော်သည် ပါရမီဖြည့်ကာလ တစ်လျှောက် ထိန်းခဲ့၊ စောင့်ရှောက်ခဲ့သည်။ (ဖြည့်စွက်- သစ္စာဟောကြားရမည့်သူဖြစ်သောကြောင့်) ဒီကနေ့ မြန်မာ စကားတွင် စကားလုံးတစ်စု နာမည်ကြီးသည်၊ ထိုစကားမှာ "မုသား မပါ လင်္ကာမချော" ဖြစ်သည်၊ လိမ်ပြောရန် တိုက်တွန်းသော စကားဖြစ်သည်။ ပဥ္စသီလကို ဖောက်ဖျက်ရန် စိန်ခေါ်သော စကားဖြစ်သည်။ အမှန်မှာ၊ "မုသားမပါ လင်္ကာ မချော" မဟုတ်ပဲ၊ "မုတမပါ လင်္ကာမချော" ဖြစ်သည်။ လူတိုင်း အာရုံခြောက်ပါးရှိသည်။ ၁) မြင်ခြင်းကို "ဒိဋ္ဌ" ခေါ်သည် ၂)ကြားခြင်းကို "သုတ" ခေါ်သည် ၃) ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့၊သိရှိခြင်းကို "မုတ" ဆိုသည် မြင်ကာမျှဖြင့် စာဖွဲ့ပါလျှင် လင်္ကာ မညက်ညောနိုင်ပါ၊ ကြားရုံသက်သက်ဖြင့် စာစီပါက လင်္ကာ မညက်ညောနိုင်ပါ အမြင်၊ အကြားတို့သာမက ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့ သိရှိပြီးမှ ရေးသားလျှင် (သို့) ပြောဆိုလျှင် စကားညက်ညောသည်၊ လင်္ကာမြေ...

ဘယ်တော့မှ မမေ့ဘူး Lyrics။ Kyaw Hein

  ကျွန်တော် လက်ရှိ တီးခက်နေတဲ့ သီချင်းပါ။ စိတ်အပန်းပြေပါတယ်။ ကြုံကြိုက်သည့်အခါ အတူ တွဲဖက်တီးခက်ဖို့ ဖိတ်ခေါ်ပါတယ်။  

အပြောင်းအလဲ ကောင်းတွေဖြစ်ဖို့ လိုနေပါပြီ။

  See more @ Theory U (a very very short note) Dec 4, 2024