Skip to main content

စာ ဖတ်တဲ့အခါမှာ သင်္ကေတ (၈)မျိုး ထားရှိရမယ်။

 စာ ဖတ်တဲ့အခါမှာ သင်္ကေတ (၈)မျိုး ထားရှိရမယ်။

  1. မေ့လျော့ခြင်းကို အနိုင်ရစေရန် အကြိမ်ကြိမ်ပြန်ဖတ်ရမယ့်စာ
  2. မှတ်စုစာအုပ်တွေထဲမှာ ကူးရေးထားပြီး အလိုရှိတဲ့အခါ အသုံးပြုရမည့်စာ
  3. (၁၀၈)ကြိမ်ရွက်ဆိုပြီး အလွတ်ကျက်မှတ်ရမည့်စာ
  4. ရင်းနှီးတဲ့မိတ်ဆွေကို (၃)ကြိမ်ထက်မနည်း စကားစပ်မိတိုင်းပြောပြရမည့်စာ
  5. ဒီစာကိုအကြောင်းပြုပြီး ဆက်လက်တွေးတောရမည့်စာ
  6. အခြားစာအုပ်မှာပါတဲ့ စာနဲ့ သဘောတရားတူမယ့်စာ
  7. မရှင်းလင်းလို့ ထပ်ပြီးဖတ်ဖို့နဲ့ နားလည်တတ်ကျွမ်းသူကို တပည့်ခံပြီးမေးမြန်းမယ့်စာ
  8. ရင်ထဲမှာပွင့်ပြီးကျေနပ်သွားတဲ့စာ ဆိုပြီးရှိတယ်။

ဒါဟာ စာအုပ်ဖတ်တဲ့အခါမှာ လုပ်သင့်လုပ်ထိုက်တဲ့ သ င်္ကေတတွေပဲဖြစ်တယ်။ စာများများဖတ်ရင် သတင်းအချက်အလက်မြန်မြန်ရစေနိုင်ပါတယ်။ ကုန်ကျစရိတ် လည်းနည်းစေပါတယ်။ များများဖတ်လေ၊ များများသိလေ၊ များများလုပ်ဖြစ်လေပါပဲ။ စာအုပ်ဆိုတာက ပညာရဲ့ မြစ်ဖျားခံရာဖြစ်ပါတယ်။ စိတ်ရဲ့ "အစာ"လည်းဖြစ်တယ်။ လူ့ဘဝရဲ့ လမ်းညွှန် သံလိုက်အိမ်မြှောင်ပါပဲ။



Comments

Popular posts from this blog

ဘယ်တော့မှ မမေ့ဘူး Lyrics။ Kyaw Hein

  ကျွန်တော် လက်ရှိ တီးခက်နေတဲ့ သီချင်းပါ။ စိတ်အပန်းပြေပါတယ်။ ကြုံကြိုက်သည့်အခါ အတူ တွဲဖက်တီးခက်ဖို့ ဖိတ်ခေါ်ပါတယ်။  

"မုတမပါ၊ လင်္ကာမချော"

 မုတမပါ လင်္ကာ မချော "မုသားမပါ လင်္ကာမချော" မဟုတ်ပါ၊ "မုတ မပါ လင်္ကာ မချော" ဖြစ်ပါသည်၊ ပဥ္စသီလတွင် မုသာဝါဒသိက္ခာပုဒ်သည် ချိုးဖျက်ခြင်းငှာလွယ်သော သိက္ခာပုဒ်ဖြစ်သည်။ ဘုရားအလောင်းတော်သည် ပါရမီဖြည့်ကာလ တစ်လျှောက် ထိန်းခဲ့၊ စောင့်ရှောက်ခဲ့သည်။ (ဖြည့်စွက်- သစ္စာဟောကြားရမည့်သူဖြစ်သောကြောင့်) ဒီကနေ့ မြန်မာ စကားတွင် စကားလုံးတစ်စု နာမည်ကြီးသည်၊ ထိုစကားမှာ "မုသား မပါ လင်္ကာမချော" ဖြစ်သည်၊ လိမ်ပြောရန် တိုက်တွန်းသော စကားဖြစ်သည်။ ပဥ္စသီလကို ဖောက်ဖျက်ရန် စိန်ခေါ်သော စကားဖြစ်သည်။ အမှန်မှာ၊ "မုသားမပါ လင်္ကာ မချော" မဟုတ်ပဲ၊ "မုတမပါ လင်္ကာမချော" ဖြစ်သည်။ လူတိုင်း အာရုံခြောက်ပါးရှိသည်။ ၁) မြင်ခြင်းကို "ဒိဋ္ဌ" ခေါ်သည် ၂)ကြားခြင်းကို "သုတ" ခေါ်သည် ၃) ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့၊သိရှိခြင်းကို "မုတ" ဆိုသည် မြင်ကာမျှဖြင့် စာဖွဲ့ပါလျှင် လင်္ကာ မညက်ညောနိုင်ပါ၊ ကြားရုံသက်သက်ဖြင့် စာစီပါက လင်္ကာ မညက်ညောနိုင်ပါ အမြင်၊ အကြားတို့သာမက ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့ သိရှိပြီးမှ ရေးသားလျှင် (သို့) ပြောဆိုလျှင် စကားညက်ညောသည်၊ လင်္ကာမြေ...

အပြောင်းအလဲ ကောင်းတွေဖြစ်ဖို့ လိုနေပါပြီ။

  See more @ Theory U (a very very short note) Dec 4, 2024