Skip to main content

မြန်မာတို့၏ ကျင့်ဝတ်များ

မြန်မာတို့၏ကျင့်ဝတ်များ


1 min read



တပည့်ကျင့်ဝတ် ငါးပါး

ညီညာထကြွ၊ ဆုံးမနာယူ၊
လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊
သင်တွေးအံရွတ်၊ တပည့်ဝတ်၊
မချွတ်ငါးခုသာ။
(သင်္ဂဇာဆရာတော်)


ဆရာ့ဝတ္တရား ငါးပါး
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊
သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊
သင့်ရာအပ်ပို့၊ ဆရာတို့
ကျင့်ဖို့ဝတ်ငါးဖြာ။
(သင်္ဂဇာဆရာတော်)




လင်ကျင့်ဝတ်ငါးပါး
မထေမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊
မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊
မြတ်နိုးကျင်၊ ငါးအင်လင့်ကျင့်ရာ။
(သင်္ဂဇာဆရာတော်)



မယားဝတ္တရား ငါးပါး
အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊
မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊
ပျင်းရိမမူ၊ ဝတ်ငါးဆူ၊
အိမ်သူကျင့်အပ်ရာ။
(သင်္ဂဇာဆရာတော်)


သားသမီးကျင့်ဝတ် ငါးပါး
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊
မွေခံထိုက်စေ၊ လှူမျှဝေ၍၊
စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊
ကျင့်ဖွယ်သားတို့တာ။


မိဘကျင့်ဝတ် ငါးပါး
မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊
အတတ်သင်စေ၊ ပေးဝေနှီးရင်း၊
ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊
ဖခင်မယ်တို့တာ။

မိတ်ဆွေကျင့်ဝတ် ငါးပါး
ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊
စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊
သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊
ကျင့်လေမိတ်သဟာ။


ကျေးဇူးခံ မိတ်ဆွေကျင့်ဝတ် ငါးပါး
မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊
ဘေးရောက်ကိုးကွယ်၊ ဘေးတွယ်မပစ်၊
သားမြစ်စဉ်ဆက်၊ မပျက်ချီးပင့်၊
ဝတ်ငါးဆင့်၊ ပြုကျင့် မိတ်ဆွေများ။

အလုပ်ရှင်ကျင့်ဝတ် ငါးပါး
ဝစွာကျွေးမွေး၊ ပြုရေးစီရင်၊
နာလျှင်ကုစေ၊ ငှဝေရသာ၊
အခါကိုလွှတ်၊ အရှင်ဝတ်၊
မချွတ် ငါးခုသာ။

အလုပ်သမားကျင့်ဝတ် ငါးပါး
အိပ်သော်နောက်ကျ၊ ထသော်ကားရှေး၊
ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊
ကျေးဇူးမြွက်၊ ငါးချက် ကျွန်ကျင့်ရာ။

ဒါယကာကျင့်ဝတ် ငါးပါး
မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊
ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊
တတ်အားလှူစေ၊ ဝတ်ငါးထွေ၊
ပြုလေ ဒါယကာ။

ရဟန်းကျင့်ဝတ်ခြောက်ပါး
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊
အသစ်ဟောကျူး၊ နာဖူးထပ်မံ၊
နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊
ရဟန်းမှု၊ ခြောက်ခုလွန်သေချာ။

နာယကကျင့်ဝတ် ခြောက်ပါး
ထကြွနိုးကြား၊ သနားသည်းခံ၊
ဝေဖန်ကြည့်ရှု၊ ဤခြောက်ခု၊
ကြီးသူ့ ကျင့်ရာတရားတည်း။




အနန္တငါးပါး၌ ယဉ်ကျေးစွာဆက်ဆံပါ

အနန္တငါးပါး၊​ ဦးထိပ်ထား၊ ညွတ်တွားပါကွယ့် မမေ့နဲ့။
ဆရာမိဘ၊ ဆိုဆုံးမ၊​ လိုက်နာကြကွယ့် မမေ့နဲ့။
ဘုရားပုထိုး၊ ဦးညွတ်ကိုး၊​ ရှိခိုးအိပ်ကွယ့် မမေ့နဲ့။
မိခင်ဖခင်၊​ ဆရာရှင်၊​ နေ့စဉ်မမေ့နဲ့ ရှိခိုးကွယ့်။
အိမ်သို့ရောက်လာ၊​ မိနှင့်ဖ၊​ ဝတ်ချရိုသေ ရှိခိုးလေ။


ဗုဒ္ဓဘာသာဆိုင်ရာ
Credit to rightful owner

Comments

Popular posts from this blog

"မုတမပါ၊ လင်္ကာမချော"

 မုတမပါ လင်္ကာ မချော "မုသားမပါ လင်္ကာမချော" မဟုတ်ပါ၊ "မုတ မပါ လင်္ကာ မချော" ဖြစ်ပါသည်၊ ပဥ္စသီလတွင် မုသာဝါဒသိက္ခာပုဒ်သည် ချိုးဖျက်ခြင်းငှာလွယ်သော သိက္ခာပုဒ်ဖြစ်သည်။ ဘုရားအလောင်းတော်သည် ပါရမီဖြည့်ကာလ တစ်လျှောက် ထိန်းခဲ့၊ စောင့်ရှောက်ခဲ့သည်။ (ဖြည့်စွက်- သစ္စာဟောကြားရမည့်သူဖြစ်သောကြောင့်) ဒီကနေ့ မြန်မာ စကားတွင် စကားလုံးတစ်စု နာမည်ကြီးသည်၊ ထိုစကားမှာ "မုသား မပါ လင်္ကာမချော" ဖြစ်သည်၊ လိမ်ပြောရန် တိုက်တွန်းသော စကားဖြစ်သည်။ ပဥ္စသီလကို ဖောက်ဖျက်ရန် စိန်ခေါ်သော စကားဖြစ်သည်။ အမှန်မှာ၊ "မုသားမပါ လင်္ကာ မချော" မဟုတ်ပဲ၊ "မုတမပါ လင်္ကာမချော" ဖြစ်သည်။ လူတိုင်း အာရုံခြောက်ပါးရှိသည်။ ၁) မြင်ခြင်းကို "ဒိဋ္ဌ" ခေါ်သည် ၂)ကြားခြင်းကို "သုတ" ခေါ်သည် ၃) ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့၊သိရှိခြင်းကို "မုတ" ဆိုသည် မြင်ကာမျှဖြင့် စာဖွဲ့ပါလျှင် လင်္ကာ မညက်ညောနိုင်ပါ၊ ကြားရုံသက်သက်ဖြင့် စာစီပါက လင်္ကာ မညက်ညောနိုင်ပါ အမြင်၊ အကြားတို့သာမက ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့ သိရှိပြီးမှ ရေးသားလျှင် (သို့) ပြောဆိုလျှင် စကားညက်ညောသည်၊ လင်္ကာမြေ...

အပြောင်းအလဲ ကောင်းတွေဖြစ်ဖို့ လိုနေပါပြီ။

  See more @ Theory U (a very very short note) Dec 4, 2024

Pyidaungsu Keyboard Layout