Skip to main content

All about PGDL (1)

Welcome to PGDL (YUDE) Introduction

မိတ်ဆက်

ဥပဒေကို စတင်လေ့လာမယ်လို့ ဆုံးဖြတ်ခဲ့တဲ့နေ့က စပြီး ဒီလမ်းကြောင်းဟာ စာအုပ်တစ်အုပ်ဖွင့်လိုက်သလို ဖြစ်ခဲ့ပါတယ်။ အရင်က ဥပဒေဆိုတာ တရားရုံး၊ စာရွက်စာတမ်းတွေ၊ ခက်ခဲတဲ့ စကားလုံးတွေကြားက အရာတစ်ခုလို့ပဲ ထင်ခဲ့ပါတယ်။ ဒါပေမယ့် PGDL ကို စတင်လေ့လာပြီးနောက် ဥပဒေဟာ လူ့ဘဝနဲ့ နီးစပ်လှတဲ့ စည်းမျဉ်းတွေ၊ အခွင့်အရေးတွေ၊ တာဝန်ယူမှုတွေကို ပုံဖော်ထားတဲ့ ဘာသာရပ်တစ်ခုဆိုတာ နားလည်လာခဲ့ပါတယ်။

ဒီ Journey to Law ဟာ လွယ်ကူတဲ့ လမ်းမကြီး မဟုတ်ပါဘူး။ Contract Law ရဲ့ စည်းကမ်းချက်တွေကြားမှာ စိတ်ပူရသလို၊ Criminal Law ရဲ့ အယူအဆတွေကြားမှာ ပြစ်မှုမြောက်ခြင်း၊ သံသယနှင့် သူ့ အကျိုးဆက် ဆိုသည့်အပိုင်းတွေကို တွေ့ရပါတယ်။ Public Law ကို လေ့လာရင်းတော့ အာဏာနဲ့ တာဝန်၊ နိုင်ငံသားနဲ့ အစိုးရကြားက ဆက်ဆံရေးကို ပြန်လည်စဉ်းစားမိလာပါတယ်။

ဥပဒေပညာဘွဲ့လွန် (၁) နှစ် သင်တန်းပြီးပြီးမြောက်သွားရင်တော့ ရရှိသည့် လက်မှတ်သည် "Equivalent to Registered Lawyer Course" ဆိုပြီး ပါဝင်ပါသည်။ 

ဒီဘလော့ဂ်မှာတော့ ဥပဒေကို စတင်လေ့လာတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ ကြုံတွေ့ရတဲ့ စိတ်လှုပ်ရှားမှုတွေ၊ စိန်ခေါ်မှုတွေ၊ သင်ခန်းစာတွေကို မှတ်တမ်းတင်ထားချင်ပါတယ်။ ဥပဒေလမ်းကြောင်းကို စဉ်းစားနေသူတွေ၊ အခုမှ စတင်လေ့လာသူတွေ၊ ဒါမှမဟုတ် ဥပဒေကို လူ့ဘဝအမြင်နဲ့ ဖတ်ရှုချင်သူတွေ အတွက် ဒီ Journey to Law ဟာ အနည်းငယ်တော့ အားပေးမှုတစ်ခု ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဒီဟာက ကျွန်တော်ရဲ့ ဥပဒေလမ်းကြောင်းရဲ့ အစပဲ ဖြစ်ပါတယ်။

ပိုမိုလေ့လာပါ။  YUDE 

သင်တန်း ၏ ဌာန မိတ်ဆက် နှင့် အချိန် ဇယား နမူနာဖြစ်ပါသည်။ (တခါတလေ အချိန်ဇယားများအပြောင်းအလဲ ရှိတက်ပါသည်၊ Last minutes မှာကြိုပြီး confirm လုပ်ပါ။)

 (https://www.nyanlinhtet.name/2025/11/pgdl-timetable.html)

Announcement (သင်တန်း ကြေညာနမူနာ)

သင်ကြားသည့် ဘာသာရပ်များ


Registration Requirements

(၁) ပထမ ဦးဆုံးရသည့် ဘွဲ့လက်မှတ်.jpeg format
(၂) ဆယ်တန်း အောင်လက်မှတ် ( for LLB online)
(၃) မှတ်ပုံတင် ရှေ့/နောက် .jpeg
(၄) လိုက်စင် ဓာတ်ပုံ .jpeg format
အသေးစိတ် ဒေတာ ကြိုရိုက်ထားရမည်။ ထပ်မံ ရှုပါ။

Online Submit link 

https://hrdlawreg.yude.edu.mm


Start the Class

ကျောင်းမှ မိမိ Registration လုပ်ခဲ့သည့် email ပို့ပါမည်။ eg; stdpxxx ဆိုပြီး စာမေးပွဲဖြေဖြေ၊ Tutorial ဖြေဖြေ ကျောင်းပြီးသွားသည့် အထိ ကျောင်းမှ ပေးသော Username ကို မှတ်ထားရပါမည်။

Email မရောက်လျှင် Spam folder, junk folder, All email ထဲ မှာ ကြည့်ပေးပါ။ ဘယ်မှာ မှ မတွေ့လျှင် ကျောင်းသို့ ချက်ချင်း ဆက်သွယ်ပေးပါ။

(1) Tutorial ကို online ကနေဖြေရပါမည်။ (Tutorial များ မလွတ်အောင်ပုံမှန်ဖြေပေးပါ)

(2) Exam ကို တော့ ကျောင်းကို လာဖြေသည့် ပုံစံ(Exam Room) နှင့် Home Module ပုံစံ ဆိုပြီး အကြမ်းမျဥ်း နှစ်မျိုးရှိပါသည်။ (စကားပြောလို့မရပါ၊ Open Book ပါ၊ ကျောင်းမှ ပေးထားသည့် Lecture and slide များသာ မှီငြမ်းရပါမည်) အသေးစိတ် စည်းကမ်းချက်များကို ကျောင်းမှ ကြိုတင်အသိပေးတင်လေ့ရှိပါသည်။

(3) Final တွင် Term Paper ရှိပါသည်။ Title (၃) ခု ကြိုရွေးထားပါ။ Constitution ပိုင်ဆို နည်းနည်း အချိန်ပိုပေးကြိုးစားမှဖြစ်မှာပါ။ ကျန်သည့် Topic ၊ Subject ကတော့ ပိုလွယ်မယ်လို့ ထင်ပါသည်။

(4) Exam Result ကို တော့ ဖုန်းဖြင့် ဆက်မေးရပါမည်။ 

(5) ပြီးရင်တော့ ဘွဲ့ တက်ယူပါ။


ဒါပါပဲ။ အချိန်များ ယူပြီး ထပ်ရေးပေးချင်ပါသည်။ ကြိုးစားပါအုံးမည်။

KNLH 

www.nyanlinhtet.name

Comments

Popular posts from this blog

Pyidaungsu Keyboard Layout

 

"မုတမပါ၊ လင်္ကာမချော"

 မုတမပါ လင်္ကာ မချော "မုသားမပါ လင်္ကာမချော" မဟုတ်ပါ၊ "မုတ မပါ လင်္ကာ မချော" ဖြစ်ပါသည်၊ ပဥ္စသီလတွင် မုသာဝါဒသိက္ခာပုဒ်သည် ချိုးဖျက်ခြင်းငှာလွယ်သော သိက္ခာပုဒ်ဖြစ်သည်။ ဘုရားအလောင်းတော်သည် ပါရမီဖြည့်ကာလ တစ်လျှောက် ထိန်းခဲ့၊ စောင့်ရှောက်ခဲ့သည်။ (ဖြည့်စွက်- သစ္စာဟောကြားရမည့်သူဖြစ်သောကြောင့်) ဒီကနေ့ မြန်မာ စကားတွင် စကားလုံးတစ်စု နာမည်ကြီးသည်၊ ထိုစကားမှာ "မုသား မပါ လင်္ကာမချော" ဖြစ်သည်၊ လိမ်ပြောရန် တိုက်တွန်းသော စကားဖြစ်သည်။ ပဥ္စသီလကို ဖောက်ဖျက်ရန် စိန်ခေါ်သော စကားဖြစ်သည်။ အမှန်မှာ၊ "မုသားမပါ လင်္ကာ မချော" မဟုတ်ပဲ၊ "မုတမပါ လင်္ကာမချော" ဖြစ်သည်။ လူတိုင်း အာရုံခြောက်ပါးရှိသည်။ ၁) မြင်ခြင်းကို "ဒိဋ္ဌ" ခေါ်သည် ၂)ကြားခြင်းကို "သုတ" ခေါ်သည် ၃) ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့၊သိရှိခြင်းကို "မုတ" ဆိုသည် မြင်ကာမျှဖြင့် စာဖွဲ့ပါလျှင် လင်္ကာ မညက်ညောနိုင်ပါ၊ ကြားရုံသက်သက်ဖြင့် စာစီပါက လင်္ကာ မညက်ညောနိုင်ပါ အမြင်၊ အကြားတို့သာမက ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့ သိရှိပြီးမှ ရေးသားလျှင် (သို့) ပြောဆိုလျှင် စကားညက်ညောသည်၊ လင်္ကာမြေ...

စလင်း (Crystal or Quartz)

စလင်း (Crystal or Quartz)        ထိုစလင်းကျောက်မျိုးမှာ အဖြူရောင်ရှိသော စလင်း နှင့် အခြားစလင်း အမျိုးမျိုး ရှိလေသည်။ ယင်းတို့မှာ စလင်းညို (Smoky Quartz)၊ စလင်းစိမ်း (Aquamarine)၊ စလင်းဝါ (Citrine)၊ စလင်းစွဲ (Amethst) မရန်းစေ့ရောင် ရှိသည်။ စလင်းနီ (Rose Quartz) စသည့်ဖြင့် အရောင်မျိုးစုံ ရှိသည်။ စလင်းအဖြူနှင့် အညိုကို မျက်မှန် အတွက် အသုံးပြုကြသည်။ စခန်းကြီးမှထွက်သော စလင်းတုံးကြီးများမှာ လူနှစ်ရပ်စာခန့် မြင့်မား၍ ရှန်ဟဲ မှ တရုတ်များပင် လာရောက် ဝယ်ယူပြီး အလှအပထားရန် ပန်းကန် ခွက်ယောက်များ ပြုလုပ်ကြလေသည်။ စလင်းစိမ်း (Aquamarine) စလင်းညို (Smoky Quartz) စလင်းနီ (Rose Quartz) စလင်းစွဲ (Amethst) မရန်းစေ့ရောင် စလင်းဝါ (Citrine)