မလွယ်ကူတဲ့ လမ်းကြောင်းတစ်ခုပါပဲ။ အချိန်ကန့်သတ်ချက်တွေ၊ အလုပ်နဲ့ ပညာရေးကို တပြိုင်နက်ထဲ ကိုင်တွယ်ရတဲ့ အခက်အခဲတွေ၊ ကိုယ်တိုင်ကိုယ်ကျ မေးခွန်းတွေ များစွာ ရှိခဲ့ပါတယ်။
ဒါပေမယ့် မရပ်တန့်ခဲ့ဘူး။
နေ့စဉ် လေ့လာမှုကို အလေးထားခဲ့ပြီး၊ သီအိုရီတွေကို လက်တွေ့အခြေအနေတွေနဲ့ ချိတ်ဆက်စဉ်းစားခဲ့ပါတယ်။
ဆရာ၊ ဆရာမများရဲ့ လမ်းညွှန်မှု၊ မိသားစုရဲ့ အားပေးထောက်ခံမှုကလည်း ဒီခရီးစဉ်ကို ဆက်လက်လှမ်းနိုင်အောင် ကူညီပေးခဲ့ပါတယ်။
ဒီခရီးစဉ်က ပညာရရှိဖို့သာမက အမြင်ကျယ်စေခဲ့တယ်၊ စဉ်းစားနိုင်စွမ်း တိုးတက်စေခဲ့တယ်၊ လူမှုရေးနဲ့ နိုင်ငံရေးကို နက်နက်ရှိုင်းရှိုင်း နားလည်လာစေခဲ့ပါတယ်။
ဒီနေ့မှာတော့
Postgraduate Diploma in Political Science သို့ ခရီးစဉ်တစ်ခု ကို အောင်မြင်စွာ လှမ်းနိုင်ခဲ့ပါပြီ။
တကယ် အမှတ်တရနဲ့ အတွေ့အကြုံများ (Skyrocketing prices, Survival such circumstances often requires a mix of practical strategies, community support, and psychological resilience) ပါပဲ။ ပုံမှန်ဆို (၁) နှစ် အချိန်ပေးယုံ၊ ကြုံလိုက်ရသည့်က ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကနေ ပေးလိုက်ရသည့်အချိန် (၄) နှစ်ကျော် ၊ မိုင်(၂၀၀)ခရီးကနေ လစဥ်အပတ်တိုင်း "ထီးဖြူ၊ဖိနပ်ပါး" ကြိုးစားခဲ့ရတာမျိုးပါ။
ကိုယ်ချင်းစာပြီး လူကြီးမင်းတို့ တက်ရောက်ရယူလိုသည့်အခါ စေတနာ နှင့် ဝါသာနာ အရ ကျွန်တော်တို့ တက်တုန်းက အခြေနေ ကို short to the point ရေးပေးထားပါသည်။
(၁) ပထမဦး ဆုံးက ကျောင်းအပ်ဖို့ လိုအပ်သည့် စာရွက်တမ်းကြိုတင် ပြင်ဆင်ထားရပါမည်။
(၂) DPS တက်ရောက်နိုင်ဖို့ အစတွင်
* အကြို စာမေးပွဲ စစ်ပါသည်။ (For example) ဝေသာလီဆောင် တွင် ဖြေရပါသည်။
*စာမေးပွဲ အောင်လျှင် လူတွေ့ရှိပါသည်။ (English လို မိတ်ဆက်ရှင်းပြရပါမည်။)
(၃) Final တွင်Paper ရေး ရပါသည်။
(၄) စာမေးပွဲများသည် Open-book နှင့် Closed-book ဆိုပြီး hybrid သွားပါသည်။
(၅) Subject Matter Presentation ရှိပါသည်။
(၆) Monday တိုင်း Open-talk လိုမျိုး လုပ်ရပါသည်။
(၇) Module (၈) ခုရှိပါသည်။
(၈) စာရေးသူ အချိန်များ ရလျှင် ထပ်မံဖြည့်သွင်းရေးသားသွားပါမည်။
- ဘွဲ့ရပြီး လူငယ်၊လူရွယ်များ အထူးသဖြင့် တက်ကိုတက်ရောက်သင့်ပြီး နားလည်ရမည့်ပညာရပ်တစ်ခုပါ။
- ဒီလောက် ပြဿနာပေါင်းစုံ တက်နေသည့် ကမ္ဘာကြီးမှာ ဖြေရှင်းနည်းသိဖို့လိုပါသည်။ အဲဒါက တော့ နိုင်ငံရေးသိပ္ပံပညာပါပဲ။
- Social contract. လူမှုပဋိညာဉ် ဆိုတာ မသိလို့ အခုခေတ်မှာ လွယ်တာကို ခက်အောင်၊ ခက်တာကို လွယ်အောင် လုပ်နေမိကြပါသည်။
- "The city is like a giant person" ဆိုသည့် အတိုင်း Plato's Analogy အရ "ထူးကဲသောနိုင်ငံ၊ ထူးကဲသောပုဂ္ဂိုလ် နှင့် တူ၏။" တဲ့။
- FPF ဆိုသည် Foreign Policy Formulation ဆိုသည် နိုင်ငံခြားရေးမူဝါဒ ဖော်မူလာ။ Public policy and administration ကိစ္စများ
- ပထဝီနိုင်ငံရေး စသည့် အချက်များ မိမိ ဉာဏ်ရှိသလောက်၊ ပါရမီဖြည့်ပြီး နိုင်ငံအရေး၊ အများပြည်သူနိုင်ငံသားများအရေး၊ ဖြေရှင်းနိုင်ကြပါစေရန် ဆန္ဒပြုလျက်

Comments
Post a Comment