အဖိုးကြီးအို ခါးကုန်းကုန်း ဆိုသည်မှာ ( Disclaimer ) တို့တတွေဟာ ဘဝတိုင်း ဘဝတိုင်း အဖိုးကြီး အမေကြီး ဘဝနဲ့ အသက်အရွယ်ကြီးကြီးနဲ့ သေရတဲ့ ဘဝတွေ များခဲ့လှပါပြီ လူဖြစ်တော့ လည်း လူအဖိုးကြီး လူအဘွားကြီး ငှက်ဖြစ်တော့လည်း ငှက်အဖိုးကြီး ငှက်အဖွားကြီး နွားဖြစ်တော့ လည်း နွားအဖိုးကြီး နွားအဖွားကြီး ကြက်ဖြစ်တော့လည်း ကြက်အဖိုးကြီး ကြက်အဖွားကြီး သူဌေးကြီး ဖြစ်တော့လည်း.သူဌေးအဖိုးကြီး သူဌေးအဖွားကြီး ဘုရင် ဖြစ်တော့လည်း ဘုရင်အဖိုးကြီး ဘုရင်အဖွားကြီး ဘဝ များစွာမှာ အရိယာ ဘဝက လွဲ၍ မဖြစ်ဖူးတဲ့ဘဝဆိုတာ မရှိပါဘူး သူဌေးကြီး ဘုရင်ကြီး တွေလည်းဖြစ်ခဲ့ဖူးတယ် တိရိစ္ဆာန်မျိုးစုံ ဘဝလည်း ဖြစ်ဖူးခဲ့ပြီ နတ်တွေ ဗြဟ္မာတွေလည်း ဖြစ်ခဲ့ဖူး ပြီl ၃၁ ဘုံမှာ မဖြစ်ဖူးတာ မရှိသလောက်ပဲ ဘဝတိုင်း ဘဝတိုင်း အသက်ကြီး ပြီး သေ သေ ခဲ့ရတာချည်းပဲ တစ်ချို့ဆိုရင် အသက်တောင်မကြီးလိုက်ရ သေနေကြရတာပဲ။ ဒါပေမဲ့ မသေပါနဲ့အုံး #ရှေးနှစ်ခါ တန်ဆောင်မုန်း ဆိုတာက တစ်ချို့က နောက်နှစ်ခါ တန်ဆောင်မုန်းလို့ ဆိုကြတယ် အမှန်က ရှေးနှစ်ခါတန်ဆောင်မုန်း ပါ ရှေးနှစ်ခါ ဆိုတာက လာမဲ့နှစ်လို့ ထင်တတ်ကြတယ် မဟုတ်ပါဘူး သာသနာတော် ၂၅၆၅ နှစ်ရှိခဲ့ပြီ. ဘုရားရှင်ထားခဲ့တော်မူသော...