Skip to main content

မေတ္တာအရင် မပွားသင့်တဲ့သူများ

 မေတ္တာအရင် မပွားသင့်တဲ့သူများကိုလည်း သိထားရပါတယ်။ သူတို့ကတော့

၁။ မုန်းတဲ့သူကို အရင် မပို့သင့်ပါဘူး။ မုန်းသူကို မေတ္တာအရင်ပို့မိရင် မေတ္တာမပွားနိုင်ဘဲ ဒေါသဖြစ်လာတတ်လို့ပါ။
၂။ သိပ်ချစ်ရတဲ့သူများကိုလည်း မေတ္တာအရင် မပို့သင့်ပါဘူး။ မှန်ပါတယ်။ သိပ်ချစ်ရတဲ့သူနဲ့ပတ်သက်လာရင် ဒုက္ခဖြစ်တယ် အဆင်မပြေဘူးဆိုတာမျိုးကြားရရင်တောင် စိတ်ဆင်းရဲမှုဖြစ်လွယ်လို့ မေတ္တာအရင်မပို့သင့်တာပါ။
၃။ မချစ် မမုန်းတဲ့သူကိုလည်း မေတ္တာအရင်မပို့သင့်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အကြောင်းမသိဘဲ ချစ်တဲ့သူနေရာမှာထားပြီး မေတ္တာပွားရင် ပင်ပန်းမှုတွေကြုံရတတ်လို့ပါ။
၄။ ကိုယ့်ရန်သူကိုလည်း မေတ္တာအရင် မပို့သင့်ပါဘူး။ ကိုယ့်ရန်သူကို မေတ္တာအရင်ပို့ရင် မေတ္တာမပေါ်ဘဲ ဒေါသအရင် ဖြစ်လာတတ်လို့ပါ။
၅။ ဆန့်ကျင်ဘက် လိင်ရှိသူကိုလည်း မေတ္တာအရင်မပို့သင့်ပါဘူး။ ဆိုလိုတာက အမျိုးသားများက အမျိုးသမီးများကို၊အမျိုးသမီးများက အမျိုးသားများကို မေတ္တာအရင် မပို့သင့်တာမျိုးပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဆန့်ကျင်ဘက်လိင် ရှိသူကို မေတ္တာအရင်ပို့မိရင် မေတ္တာအရင် ပေါ်မလာဘဲ စွဲလန်းမှု တဏှာက အရင် ပေါ်လာတတ်လို့ပါ။ ပြီးတော့
၆။ ကွယ်လွန်သွားသူကိုတော့ ဘယ်တော့မှာ မေတ္တာမပို့သင့်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကွယ်လွန်သွားသူဟာ ဒီဘဝမှာ မရှိတော့ဘဲ အခြားဘဝတစ်ခုသို့ပြောင်းလဲသွားတာဖြစ်လို့ စျာန်လည်းမရ၊ သမာဓိလည်း မတည်နိုင်လို့ပါ။

မေတ္တာပွား မေတ္တာပို့မယ့်သူဟာ စိတ်ကို ညစ်နွမ်းစေတတ်တဲ့ ဒေါသရဲ့ အပြစ်၊ သည်းခံခြင်းရဲ့ အကျိုးများကို မြင်ပြီး မေတ္တာပွား မေတ္တာပို့တဲ့အခါ မိမိ၊ သူတစ်ပါး၊ ချစ်သူ၊ မုန်းသူရယ်လို့ ကွဲပြားခြားနားမှုမရှိဘဲ တစ်သားတည်းဖြစ်အောင် ပွားများဖို့လိုအပ်ပါတယ်။ ဒါမှသာ ကြီးကျယ် ထူးခြားတဲ့အကျိုးများဖြစ်တဲ့ ပထမစျာန်၊ ဒုတိယစျာန်၊တတိယစျာန်နဲ့ စတုတ္ထစျာန်များကို ရရှိနိုင်မှာဖြစ်ပါတယ်။


Source: bmr

wiki

Comments

Popular posts from this blog

Pyidaungsu Keyboard Layout

 

"မုတမပါ၊ လင်္ကာမချော"

 မုတမပါ လင်္ကာ မချော "မုသားမပါ လင်္ကာမချော" မဟုတ်ပါ၊ "မုတ မပါ လင်္ကာ မချော" ဖြစ်ပါသည်၊ ပဥ္စသီလတွင် မုသာဝါဒသိက္ခာပုဒ်သည် ချိုးဖျက်ခြင်းငှာလွယ်သော သိက္ခာပုဒ်ဖြစ်သည်။ ဘုရားအလောင်းတော်သည် ပါရမီဖြည့်ကာလ တစ်လျှောက် ထိန်းခဲ့၊ စောင့်ရှောက်ခဲ့သည်။ (ဖြည့်စွက်- သစ္စာဟောကြားရမည့်သူဖြစ်သောကြောင့်) ဒီကနေ့ မြန်မာ စကားတွင် စကားလုံးတစ်စု နာမည်ကြီးသည်၊ ထိုစကားမှာ "မုသား မပါ လင်္ကာမချော" ဖြစ်သည်၊ လိမ်ပြောရန် တိုက်တွန်းသော စကားဖြစ်သည်။ ပဥ္စသီလကို ဖောက်ဖျက်ရန် စိန်ခေါ်သော စကားဖြစ်သည်။ အမှန်မှာ၊ "မုသားမပါ လင်္ကာ မချော" မဟုတ်ပဲ၊ "မုတမပါ လင်္ကာမချော" ဖြစ်သည်။ လူတိုင်း အာရုံခြောက်ပါးရှိသည်။ ၁) မြင်ခြင်းကို "ဒိဋ္ဌ" ခေါ်သည် ၂)ကြားခြင်းကို "သုတ" ခေါ်သည် ၃) ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့၊သိရှိခြင်းကို "မုတ" ဆိုသည် မြင်ကာမျှဖြင့် စာဖွဲ့ပါလျှင် လင်္ကာ မညက်ညောနိုင်ပါ၊ ကြားရုံသက်သက်ဖြင့် စာစီပါက လင်္ကာ မညက်ညောနိုင်ပါ အမြင်၊ အကြားတို့သာမက ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့ သိရှိပြီးမှ ရေးသားလျှင် (သို့) ပြောဆိုလျှင် စကားညက်ညောသည်၊ လင်္ကာမြေ...

စလင်း (Crystal or Quartz)

စလင်း (Crystal or Quartz)        ထိုစလင်းကျောက်မျိုးမှာ အဖြူရောင်ရှိသော စလင်း နှင့် အခြားစလင်း အမျိုးမျိုး ရှိလေသည်။ ယင်းတို့မှာ စလင်းညို (Smoky Quartz)၊ စလင်းစိမ်း (Aquamarine)၊ စလင်းဝါ (Citrine)၊ စလင်းစွဲ (Amethst) မရန်းစေ့ရောင် ရှိသည်။ စလင်းနီ (Rose Quartz) စသည့်ဖြင့် အရောင်မျိုးစုံ ရှိသည်။ စလင်းအဖြူနှင့် အညိုကို မျက်မှန် အတွက် အသုံးပြုကြသည်။ စခန်းကြီးမှထွက်သော စလင်းတုံးကြီးများမှာ လူနှစ်ရပ်စာခန့် မြင့်မား၍ ရှန်ဟဲ မှ တရုတ်များပင် လာရောက် ဝယ်ယူပြီး အလှအပထားရန် ပန်းကန် ခွက်ယောက်များ ပြုလုပ်ကြလေသည်။ စလင်းစိမ်း (Aquamarine) စလင်းညို (Smoky Quartz) စလင်းနီ (Rose Quartz) စလင်းစွဲ (Amethst) မရန်းစေ့ရောင် စလင်းဝါ (Citrine)