Skip to main content

အဖိုးကြီးအို ခါးကုန်းကုန်း မသေပါနဲ့အုံး

 '' ဤ တဘောင်ကို အဓိပ္ပါယ်ကောက်လွဲသူများသို့ ''


====================================


#အဖိုးကြီးအို ခါးကုန်းကုန်း မသေပါနဲ့အုံး


ရှေးနှစ်ခါ တန်ဆောင်မုန်းပွဲကြည့်ပါ အုံး။


သိသူဖော်စား မသိသူ ကျော်သွား တဘောင်များ


#အဖိုးကြီးအို ခါးကုန်းကုန်း ဆိုသည်မှာ

တို့တတွေဟာ ဘဝတိုင်း ဘဝတိုင်း 

အဖိုးကြီး အမေကြီး ဘဝနဲ့ အသက်အရွယ်ကြီးကြီးနဲ့

သေရတဲ့ ဘဝတွေ များခဲ့လှပါပြီ


လူဖြစ်တော့ လည်း လူအဖိုးကြီး လူအဘွားကြီး

ငှက်ဖြစ်တော့လည်း ငှက်အဖိုးကြီး ငှက်အဖွားကြီး

နွားဖြစ်တော့ လည်း နွားအဖိုးကြီး နွားအဖွားကြီး

ကြက်ဖြစ်တော့လည်း ကြက်အဖိုးကြီး ကြက်အဖွားကြီး

သူဌေးကြီး ဖြစ်တော့လည်း.သူဌေးအဖိုးကြီး သူဌေးအဖွားကြီး

ဘုရင် ဖြစ်တော့လည်း ဘုရင်အဖိုးကြီး ဘုရင်အဖွားကြီး

ဘဝ များစွာမှာ အရိယာ ဘဝက လွဲ၍ 

မဖြစ်ဖူးတဲ့ဘဝဆိုတာ မရှိပါဘူး

သူဌေးကြီး ဘုရင်ကြီး တွေလည်းဖြစ်ခဲ့ဖူးတယ်

တိရိစ္ဆာန်မျိုးစုံ ဘဝလည်း ဖြစ်ဖူးခဲ့ပြီ

နတ်တွေ ဗြဟ္မာတွေလည်း ဖြစ်ခဲ့ဖူး ပြီl

၃၁ ဘုံမှာ မဖြစ်ဖူးတာ မရှိသလောက်ပဲ


ဘဝတိုင်း ဘဝတိုင်း အသက်ကြီး ပြီး

သေ သေ ခဲ့ရတာချည်းပဲ

တစ်ချို့ဆိုရင် အသက်တောင်မကြီးလိုက်ရ

သေနေကြရတာပဲ။


ဒါပေမဲ့

မသေပါနဲ့အုံး


#ရှေးနှစ်ခါ တန်ဆောင်မုန်း ဆိုတာက

တစ်ချို့က နောက်နှစ်ခါ တန်ဆောင်မုန်းလို့

ဆိုကြတယ်

အမှန်က

ရှေးနှစ်ခါတန်ဆောင်မုန်း ပါ


ရှေးနှစ်ခါ ဆိုတာက

လာမဲ့နှစ်လို့ ထင်တတ်ကြတယ်

မဟုတ်ပါဘူး


သာသနာတော် ၂၅၆၅ နှစ်ရှိခဲ့ပြီ.

ဘုရားရှင်ထားခဲ့တော်မူသော..သာသနာတော်နှစ် ၅၀၀၀ကို..တစ်ခေတ်လျှင်အနှစ်၅၀၀ စီဖြင့် ခေတ်(၅)ခေတ်ပိုင်းခြားကာ..၅ခေတ်ပြည့်လျှင် တစ်ဖန်ပြန်ကျော့သည်။


၁) ဝိမုတ္တိယုဂခေတ် (အနှစ် ၅၀၀)...ဘုရားပွင့်တော်မူပြီးနှစ်ပေါင်း၅၀၀အတွင်းသည်ဂိမုတ္တိယုဂခေတ်ဖြစ်ရာ..ထိုခေတ်အတွင်းစျာန်မဂ်ဖိုလ်ရရှိသူများအလွန်ပေါများသည်။


၂) သမာဓိယုဂခေတ် (အနှစ်၅၀၀)..ထိုခေတ်ကာလအတွင်း သမာဓိတည်ရုံမျှသာဖြစ်ပေသည်။


၃) သီလယုဂခေတ် (အနှစ်၅၀၀)...ထိုခေတ်ကာလသည် သီလကိုသာဦးစားပေးသောခေတ်ဖြစ်သည်။


၄) သုတယုဂခေတ် (အနှစ်၅၀၀)...ထိုခေတ် ကာလအတွင်း စာပေဗဟုသုတကို ဦးစားပေးသောခေတ်မျှသာဖြစ်သည်။


၅) ဒါနယုဂခေတ် (အနှစ်၅၀၀)...ထိုခေတ်ကာလသည်ဒါနပြုမှုကိုသာအားသန်ကြသောခေတ်ဖြစ်သှ်။


ထို ၅ခေတ်မှလွန်သော်..ဝိမုတ္တိယုဂခေတ်သို့ပြန်လည်ရောက်ရှိလာသည်။ သို့ဖြစ်ရာ..သာသနာတော်နှစ် ၂၅၀၀၊ ကောဇာ သက္ကရာဇ် ၁၃၁၈ ခုနှစ် ပြည့်ပြီးသည်မှစ၍ ဝိမုတ္တိယုဂခေတ် သို့ပြန်လည်ဆိုက်ရောက်လာသည်၊ထို့ကြောင့်ကောဇာသက္ကရာဇ် ၁၃၁၉ မှ ၁၈၁၉ခုနှစ် အတွင်းသည်ဝိမုတ္တိယုဂခေတ် ဖြစ်ပြီး၊ ထိုခေတ်မှလွဲ၍ ကျန်ခေတ်များတွင်မဂ်ဖိုလ်တရားထူးများရရန်မလွယ်ကူတော့ပါ။ဒါကို သိထားရမယ်။


#ပွဲကြည့်ပါအုံး ဆိုတာက


ဝိမုတ္တိယုဂ ခေတ်  အနတ္တသာသနာတစ်ပတ်ပြန်လည်လာတော့

ပွဲ ကြည့်ကြရ အုံးမယ် 

ဘာပွဲ ကြည့်ရလည်းဆိုတော့

ခန္ဓာက ပြတဲ့ ပွဲ ကို

ကြည့်ချင်လည်း ကြည့် မကြည့်ချင်လည်းကြည့်ကြရမယ့်ပွဲ


ရုပ်ပွဲ နာမ်ပွဲ ဝေဒနါပွဲ ပရမတ်ပွဲ

ဓာတ်ပွဲ အာယတနပွဲ သစ္စာပွဲတွေ ကို

ကြည့်ကြရမယ်

တခြား သွားကြည့်ရမှာ မဟုတ်ဘူး

မိမိ ခန္ဓာက ပြတဲ့ပွဲကို ကြည့်ရမှာပ

ဲပွဲလေးပွဲ ကြည့်ကြပါ

ကာယသတိပဋ္ဌာန်ပွဲ

ဝေဒနါသတိပဋ္ဌာန်ပွဲ

စိတ္တသတိပဋ္ဌာန်ပွဲ

ဓမ္မသတိပဋ္ဌာန်ပွဲ ကို

သတိ သမာဓိ ပညာ မျက်လုံး နဲ့ ကြည့်ရမယ်

ဒါမှ အမှန်ကို အမှန်အတိုင်း မြင်လိုက်မယ်


တို့တတွေ အားလုံးယခုဝိမုတ္တိယုဂခေတ်အတွင်း... 

လူ ဖြစ်လာရသည်မှာပင်..

ထူးကဲသော ဒုလ္လဘတရားပင်ဖြစ်တယ်

ဒါ့အပြင်...ဘဒ္ဒကမ္ဘာတွင်လူဖြစ်ရခြင်း၊ 

မြတ်စွာဘုရား၏ သာသနာတော်နှင့်ကြုံတွေ့ရခြင်း၊

 ဗုဒ္ဓဘါသာဝင် မိဘများ ၏သားသမီးများဖြစ်ရခြင်းမှာအင်မတန်ကြီးမား သော ဘုန်းကံကြောင့်မြတ်စွာဘုရ

မြတ်စွာဘုရားပွင့်ထွန်းတော်မူရခြင်း၏

အကြောင်း ရင်းတစ်ခုမှာသံသရာ

ဝဋ်ဆင်းရဲအပေါင်းမှကင်း လွတ်ရာအမှန်

မြတ်နိဗ္ဗာန်သို့ရစေခြင်းငှာ..ပွင့်တော်မူခဲ့သဖြင့်.

.နိဗ္ဗာန်ရောက်ရာရကြောင်းအကျင့်တရား 

များကိုကျင့်ကြံအားထုတ်ရပါမည်။ 

ဘုရားရှင်သည်.. ပိဋကတ်သုံးပုံဟုဆိုအပ်သော

 ဓမ္မက္ခန္ဓာပေါင်း ၈၄,၀၀၀ ကိုဟောကြားခဲ့သော်လည်း.

.အဓိကရည် ရွယ်ချက်မှာ.

ဆင်းရဲခပ်သိမ်းကင်းငြိမ်းရာ

အမှန်မြတ်နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်တရားကို 

ကျင့်ကြံအားထုတ်ရန်သာဖြစ်ပါသည်။


ထိုနိဗ္ဗာန်ရောက်ကြောင်းအကျင့်တရားများသည်..

လူ့ဘုံဘဝကသာလျှင်ကျင့်ကြံအားထုတ်ပြီးရရှိနိူင်ပါသည်။ 

သို့ကြောင့်သာမြတ်စွာဘုရားရှင်တိုင်းသည် လူ့ပြည်ကသာလျှင် ပွင့်တော်မူခြင်းဖြစ်ပေသည်။


လူ့ဘုံမှ..နိဗ္ဗာန်ကိုရရန်ကျင့်ကြံသည့်နည်း၃နည်းရှိရာ၊ 


ယင်းတို့မှာ-#ကံလမ်း၊ စျာန်လမ်း၊ ဉာဏ်လမ်းဟူ၍ ဖြစ်သည်။ 

ကံလမ်းသည် ဒါန၊ သီလဆောက် တည်၍ 

ကျင့်ကြံအားထုတ်သည့်လမ်းဖြစ်သည်။ 


သမထကျင့်ကြံအားထုတ်သည့်လမ်းကို စျာန်လမ်းဟုခေါ်ကြပြီး၊


 ဝိပဿနာပွား၍ကျင့်ကြံအားထုတ်သည့်လမ်းကို ဉာဏ်လမ်းဟုခေါ်ပါသည်။ 


ဉာဏ်လမ်းသည်သာ လျှင် အမြန်ဆုံးနှင့်အကောင်းဆုံးဖြစ်ပေသည်။


သစ္စာတရားကိုပြသတတ်သော ဆရာသမားကောင်း နှင့်တွေ့၍ ကိလေသာကြားမခိုပဲကျင့်ကြံအားထုတ်ပါက..

နေ့ချင်းပေါက်ပင်ရနိူင်ပါသည်။

ကိလေသာကြားခို၍မရနိူင်ပါက..၇ရက်၊ ၇လ၊ ၇နှစ်အတွင်းရနိူင်သည်။ သို့မဟုတ်ပါက..ယခုဘဝသေခါနီးအချိန်တွင် ဝိပဿနာတရားနှလုံးသွင်းပြီးသေဆုံးမည်ဆိုပါက နောက်ဘဝနတ်ဘုံမရောက်ခင် (ပထမအဆင့်)သောတာပတ္တိမဂ်ဖိုလ်ကိုရနိူင်သည်။


ကံလမ်းနှင့်စျာန်လမ်းသည်နိဗ္ဗာန်ကိုတိုက်ရိုက်မရောက်နိူင်။ နိဗ္ဗာန်ရောက်အထောက်အပံကောင်းသာဖြစ်စေပြီး၊ ဝိပဿနာဘက်ပြောင်း၍ကျင့်ကြံအား ထုတ်မှသာ..နိဗ္ဗာန်ကိုရနိူင်ပါသည်။


.ယခုကာလ ဝိမုတ္တိယုဂခေတ်အတွင်း..

သစ္စာလေးပါးမြတ်တရားကိုကောင်းစွာသိမြင်၍..

မှန်ကန်သောအကျင့်ပဋိပတ်ဖြင့် 

လျင်မြန်စွာကျင့်ကြံအားထုတ်ရောက်ရှိနိူင်ကြပါစေကုန်သတည်း.။


(ဝိဇ္ဇောဒယ ပြည်သဲအင်းဆရာတော် ကြီးတရားကို

 နာယူ၍ရေးသားသည်)

#Credit to rightful Owner

Comments

Popular posts from this blog

"မုတမပါ၊ လင်္ကာမချော"

 မုတမပါ လင်္ကာ မချော "မုသားမပါ လင်္ကာမချော" မဟုတ်ပါ၊ "မုတ မပါ လင်္ကာ မချော" ဖြစ်ပါသည်၊ ပဥ္စသီလတွင် မုသာဝါဒသိက္ခာပုဒ်သည် ချိုးဖျက်ခြင်းငှာလွယ်သော သိက္ခာပုဒ်ဖြစ်သည်။ ဘုရားအလောင်းတော်သည် ပါရမီဖြည့်ကာလ တစ်လျှောက် ထိန်းခဲ့၊ စောင့်ရှောက်ခဲ့သည်။ (ဖြည့်စွက်- သစ္စာဟောကြားရမည့်သူဖြစ်သောကြောင့်) ဒီကနေ့ မြန်မာ စကားတွင် စကားလုံးတစ်စု နာမည်ကြီးသည်၊ ထိုစကားမှာ "မုသား မပါ လင်္ကာမချော" ဖြစ်သည်၊ လိမ်ပြောရန် တိုက်တွန်းသော စကားဖြစ်သည်။ ပဥ္စသီလကို ဖောက်ဖျက်ရန် စိန်ခေါ်သော စကားဖြစ်သည်။ အမှန်မှာ၊ "မုသားမပါ လင်္ကာ မချော" မဟုတ်ပဲ၊ "မုတမပါ လင်္ကာမချော" ဖြစ်သည်။ လူတိုင်း အာရုံခြောက်ပါးရှိသည်။ ၁) မြင်ခြင်းကို "ဒိဋ္ဌ" ခေါ်သည် ၂)ကြားခြင်းကို "သုတ" ခေါ်သည် ၃) ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့၊သိရှိခြင်းကို "မုတ" ဆိုသည် မြင်ကာမျှဖြင့် စာဖွဲ့ပါလျှင် လင်္ကာ မညက်ညောနိုင်ပါ၊ ကြားရုံသက်သက်ဖြင့် စာစီပါက လင်္ကာ မညက်ညောနိုင်ပါ အမြင်၊ အကြားတို့သာမက ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့ သိရှိပြီးမှ ရေးသားလျှင် (သို့) ပြောဆိုလျှင် စကားညက်ညောသည်၊ လင်္ကာမြေ...

အပြောင်းအလဲ ကောင်းတွေဖြစ်ဖို့ လိုနေပါပြီ။

  See more @ Theory U (a very very short note) Dec 4, 2024

ဘယ်တော့မှ မမေ့ဘူး Lyrics။ Kyaw Hein

  ကျွန်တော် လက်ရှိ တီးခက်နေတဲ့ သီချင်းပါ။ စိတ်အပန်းပြေပါတယ်။ ကြုံကြိုက်သည့်အခါ အတူ တွဲဖက်တီးခက်ဖို့ ဖိတ်ခေါ်ပါတယ်။