Skip to main content

Ruby ပတ္တမြား

ပတ္တမြား (Rubby)


      ယင်းကျောက်မျိုးမှာ အနီရောင်ချည်း ဖြစ်သော်လည်း အသွေးအရည် အနု၊ အရင့်ကို လိုက်၍ တန်ဖိုးဖြတ်လေ့ရှိကြသည်။ ပထမတန်း အရည်အကောင်ဆုံး ကျောက်နီကို လည်သည်း ဟုခေါ်သည်။ ယင်း လည်းသည်း ကျောက်ကိုပင် ခိုသွေး၊ ယုန်သွေး ဟူ၍ ခွဲခြားခေါ်ပြန် သည်။ အဝါရည်သန်းလျှင် ယုန်သွေး၊ မဉ္ဇူရောင် ပြာနီသန်းလျှင် ခိုသွေး ဟုဆိုကြသည်။ ယင်းနောက် အရည်ရွှင်ကျောက်ကို ဘုံဘိုင်ညွှန့်၊ ယင်းအောက်ဘုံဘိုင်ရေ၊ ယင်းနောက် အများသုံးဖြစ်သည့် အရေမှန် အစရှိသည်ဖြင့် အသွေးအရောင် ကိုလိုက်၍ ခေါ်တွင်ကြသည်။
ပတ္တမြားဆိုသည့် ဝေါဟာရစကားမှာ ထိုကျောက်တွင် ပြဒါးများသောကြောင့် (ပြဒါးများ) ၄င်းမှ ပဒါးများ ကာလရွေ့လျာ၍ ပတ္တမြားခေါ်သည်ဟု အဆိုရှိကြသည်။





Blogger Link: www.nyanlinhtet.name
ကျမ်းကိုး−ရွှေဘိုဘာမထီခင်အောင်
၂၀၁၉−အောက်တိုဘာလ−၂

Comments

Popular posts from this blog

"မုတမပါ၊ လင်္ကာမချော"

 မုတမပါ လင်္ကာ မချော "မုသားမပါ လင်္ကာမချော" မဟုတ်ပါ၊ "မုတ မပါ လင်္ကာ မချော" ဖြစ်ပါသည်၊ ပဥ္စသီလတွင် မုသာဝါဒသိက္ခာပုဒ်သည် ချိုးဖျက်ခြင်းငှာလွယ်သော သိက္ခာပုဒ်ဖြစ်သည်။ ဘုရားအလောင်းတော်သည် ပါရမီဖြည့်ကာလ တစ်လျှောက် ထိန်းခဲ့၊ စောင့်ရှောက်ခဲ့သည်။ (ဖြည့်စွက်- သစ္စာဟောကြားရမည့်သူဖြစ်သောကြောင့်) ဒီကနေ့ မြန်မာ စကားတွင် စကားလုံးတစ်စု နာမည်ကြီးသည်၊ ထိုစကားမှာ "မုသား မပါ လင်္ကာမချော" ဖြစ်သည်၊ လိမ်ပြောရန် တိုက်တွန်းသော စကားဖြစ်သည်။ ပဥ္စသီလကို ဖောက်ဖျက်ရန် စိန်ခေါ်သော စကားဖြစ်သည်။ အမှန်မှာ၊ "မုသားမပါ လင်္ကာ မချော" မဟုတ်ပဲ၊ "မုတမပါ လင်္ကာမချော" ဖြစ်သည်။ လူတိုင်း အာရုံခြောက်ပါးရှိသည်။ ၁) မြင်ခြင်းကို "ဒိဋ္ဌ" ခေါ်သည် ၂)ကြားခြင်းကို "သုတ" ခေါ်သည် ၃) ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့၊သိရှိခြင်းကို "မုတ" ဆိုသည် မြင်ကာမျှဖြင့် စာဖွဲ့ပါလျှင် လင်္ကာ မညက်ညောနိုင်ပါ၊ ကြားရုံသက်သက်ဖြင့် စာစီပါက လင်္ကာ မညက်ညောနိုင်ပါ အမြင်၊ အကြားတို့သာမက ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့ သိရှိပြီးမှ ရေးသားလျှင် (သို့) ပြောဆိုလျှင် စကားညက်ညောသည်၊ လင်္ကာမြေ...

အပြောင်းအလဲ ကောင်းတွေဖြစ်ဖို့ လိုနေပါပြီ။

  See more @ Theory U (a very very short note) Dec 4, 2024

Pyidaungsu Keyboard Layout