Skip to main content

“Member Day” တွင် CSR Activity

🌷 ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း၏
 “Member Day” တွင် CSR Activity တစ်ခုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ အလုပ်အမှုဆောင်များနှင့် အသင်းဝင်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ အလှူရှင်များအားလုံးစုပေါင်းကာအောက်တိုဘာလ (၅)ရက်နေ့၊ နံနက် (၉း၃၀) တွင် တွံတေးမြို့သို့ “Yangon Water Bus” ဖြင့်သွားရောက်ခဲ့ကြပြီးတွံတေးမြို့ရှိ Ebenezer (ဧဗနေဇာ) မိဘမဲ့ ပရဟိတဂေဟာတွင် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ မတည်လှူဒါန်းငွေ ၁,၅၀၀,၀၀၀/- (တစ်ဆယ့်ငါးသိန်းကျပ်)၊ အသင်းဝင်ကုမ္ပဏီများနှင့် အလှူရှင်များမှ စုပေါင်းလှူဒါန်းငွေ ၁,၉၄၀,၀၀၀/- (တစ်ဆယ့်ကိုးသိန်းလေးသောင်းကျပ်) နှင့် လှူဒါန်းပစ္စည်းတန်ဖိုးငွေ ၁,၂၄၈,၀၅၀/- (တစ်ဆယ့်နှစ်သိန်းလေးသောင်းရှစ်ထောင်ငါးဆယ် ကျပ်) ၊ စုစုပေါင်းလှူဒါန်းတန်ဖိုးငွေ ၄,၆၈၈,၀၅၀/- (လေးဆယ့်ခြောက်သိန်းရှစ်သောင်းရှစ်ထောင်ငါးဆယ် ကျပ်) တိတိနှင့် မိဘမဲ့ကလေး (58) ဦးအတွက် အာဟာရဒါနနေ့လည်စာအားစုပေါင်းပါဝင်လှူဒါန်းခဲ့ကြပါသည်။
ထို့နောက် အလုပ်အမှုဆောင်များနှင့် အသင်းဝင်များအားလုံးနေ့လည်စာများသုံးဆောင်ခဲ့ကြပြီးတွံတေးမြို့ရှိ ရွှေဆံတော်ဘုရားနှင့် အိုးလုပ်ငန်းများသို့ သွားရောက်လေ့လာခဲ့ကြပါသည်။ နေ့လည် (၂း၃၀) တွင် ရန်ကုန်မြို့သို့ “Yangon Water Bus” ဖြင့် ပြန်လည်ထွက်ခွာခဲ့ကြပါသည်




Comments

Popular posts from this blog

"မုတမပါ၊ လင်္ကာမချော"

 မုတမပါ လင်္ကာ မချော "မုသားမပါ လင်္ကာမချော" မဟုတ်ပါ၊ "မုတ မပါ လင်္ကာ မချော" ဖြစ်ပါသည်၊ ပဥ္စသီလတွင် မုသာဝါဒသိက္ခာပုဒ်သည် ချိုးဖျက်ခြင်းငှာလွယ်သော သိက္ခာပုဒ်ဖြစ်သည်။ ဘုရားအလောင်းတော်သည် ပါရမီဖြည့်ကာလ တစ်လျှောက် ထိန်းခဲ့၊ စောင့်ရှောက်ခဲ့သည်။ (ဖြည့်စွက်- သစ္စာဟောကြားရမည့်သူဖြစ်သောကြောင့်) ဒီကနေ့ မြန်မာ စကားတွင် စကားလုံးတစ်စု နာမည်ကြီးသည်၊ ထိုစကားမှာ "မုသား မပါ လင်္ကာမချော" ဖြစ်သည်၊ လိမ်ပြောရန် တိုက်တွန်းသော စကားဖြစ်သည်။ ပဥ္စသီလကို ဖောက်ဖျက်ရန် စိန်ခေါ်သော စကားဖြစ်သည်။ အမှန်မှာ၊ "မုသားမပါ လင်္ကာ မချော" မဟုတ်ပဲ၊ "မုတမပါ လင်္ကာမချော" ဖြစ်သည်။ လူတိုင်း အာရုံခြောက်ပါးရှိသည်။ ၁) မြင်ခြင်းကို "ဒိဋ္ဌ" ခေါ်သည် ၂)ကြားခြင်းကို "သုတ" ခေါ်သည် ၃) ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့၊သိရှိခြင်းကို "မုတ" ဆိုသည် မြင်ကာမျှဖြင့် စာဖွဲ့ပါလျှင် လင်္ကာ မညက်ညောနိုင်ပါ၊ ကြားရုံသက်သက်ဖြင့် စာစီပါက လင်္ကာ မညက်ညောနိုင်ပါ အမြင်၊ အကြားတို့သာမက ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့ သိရှိပြီးမှ ရေးသားလျှင် (သို့) ပြောဆိုလျှင် စကားညက်ညောသည်၊ လင်္ကာမြေ...

အပြောင်းအလဲ ကောင်းတွေဖြစ်ဖို့ လိုနေပါပြီ။

  See more @ Theory U (a very very short note) Dec 4, 2024

ဘယ်တော့မှ မမေ့ဘူး Lyrics။ Kyaw Hein

  ကျွန်တော် လက်ရှိ တီးခက်နေတဲ့ သီချင်းပါ။ စိတ်အပန်းပြေပါတယ်။ ကြုံကြိုက်သည့်အခါ အတူ တွဲဖက်တီးခက်ဖို့ ဖိတ်ခေါ်ပါတယ်။