ပထမဆုံး မေတ္တာ ဘယ်သူ့ကို ပို့ရသလဲ။ ( Disclaimer ) ဘာကြောင့်လဲ။ ဖြေ ။ ။ မေတ္တာပို့မယ့်လူဟာ ပထမဆုံး ကိုယ့်ကိုယ်ကို မေတ္တာပို့ရမယ်။ ပို့နည်းကတော့ - အဟံ အဝေရော ဟောမိ၊ ငါသည် ဘေးရန်ကင်းပါစေ။ အဗျာပဇ္ဈော ဟောမိ၊ စိုးရိမ်ကင်းပါစေ။ အနီဃော ဟောမိ၊ ဆင်းရဲကင်းပါစေ။ သုခီ အတ္တာနံ ပရိဟရာမိ၊ ချမ်းသာပါစေ - လို့ ပို့ရမယ်။ ဘာကြောင့် ကိုယ့်ကိုယ်ကို ပထမ ပို့ရသလဲဆိုတော့ ငါဟာ ရန်ကင်းချင်တယ်။ ဆင်းရဲကင်းပြီး ချမ်းသာချင်တယ်။ အသက်ရှည်ချင်တယ်။ ငါ့လိုပဲ အခြား သတ္တဝါတွေလဲ ချမ်းသာချင်မယ်၊ အသက်ရှည်ချင်မယ်လို့ ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်မယ်၊ ဒီကိုယ်ချင်းစာစိတ်ဟာ မေတ္တာစိတ်ကို ဖြစ်ပေါ်စေမယ်။ ဒါကြောင့် မေတ္တာပျိုးတဲ့အနေနဲ့ ကိုယ့်ကိုယ်ကို ပထမဆုံး မေတ္တာပို့ရမယ်။ Source: wiki
Policy Scientist | Technology is more than innovation—it is responsibility. This blog explores cybersecurity, digital transformation, leadership, law, and ethical business practices, with the goal of inspiring professionals to create secure systems, trusted organizations, and sustainable businesses.