Skip to main content

Posts

ဒါဆို ဘာလို့ မျိုးတုန်းပျောက်ကွဲခဲ့လဲ?

  ကမ္ဘာဦးခေတ်က ဒိုင်နိုဆောတွေ ဟာ လူတွေထက် သန်မာအားကြီးပြီး ဘာလို့ အခုခေတ်မှာ မရှိတော့တာလဲ လို့ ကျွန်တော် အဖေကိုမေးတော့.... သူက လူသားတွေလောက် ဉာဏ်မရှိလို့ ပြန်ဖြေပေးခဲ့တယ်။ တကယ်တော့ သူတို့ ရာသီဥတုကို ရင်ဆိုင်ခဲ့ပါတယ်၊ လူတွေ၊ သတ္တဝါတွေရဲ့ ဒဏ်များ ခံနိုင်ခဲ့ပါတယ်၊ အခက်အခဲမျိုးစုံကိုကျော်ဖြတ်ခဲ့ပြီး အချိန်အတိုင်းအတာတစ်ခုထိရှိခဲ့တယ်လို့ လူတွေဖော်ပြကြပါတယ်။ ဒါဆို ဘာလို့ မျိုးတုန်းပျောက်ကွဲခဲ့လဲ? credit to rightful owner of image image source: internet

Open diary နှင့်ပတ် သက် ၍ အများ သိစေရန်

ဤ blog သည် Open diary တစ်ခု ဖြစ်ပါသည်။  စာတမ်း နှင့်ပတ်သက် သည့် အဆင်မပြေမှုများ ရှိလျှင် nyanlinhtetpublic@gmail.com ကို ဆက်သွယ်နိုင်ပါသည်။ Open diary တစ်ခု ရေးရခြင်းရည်ရွယ်ချက်မှာ  လူသားများသည် ခံစားနိုင်သည်၊ မျှဝေရသည်၊ သင်ယူနိုင်သည်၊ ပြောင်းလဲနိုင်စွမ်း နှင့်  နောက်ဆုံး ထိုးသွင်းသိနိုင်သည့် အသိဉာဏ်ရှိသည်ဖြစ်သည့် အတွက် ဆောင်ရွက်ရေးသားနေခြင်းဖြစ်ပါသည်။ ဤ Open diary ပေါ်မှုတည် ၍ Social Engineering, ပုဂ္ဂိုလ် ရေးဆိုင်ရာ လုံခြုံရေး နှင့် ရည်ရွယ်ချက် ရှိရှိ အနုတ်သဘော ဆောင်သည့် အပြုအမှုများကို လက်ခံမည် မဟုတ်ပါ။ Professional ဝန်ဆောင်မှု ပေးခြင်း၊ commercial စီးပွားဖြစ် တင်ဆက်ခြင်း မဟုတ်၍ သင်နှင့် ပတ်သတ်သည့် အကျိုးအမြတ်များ အပေါ် တာဝန်မခံပါ။

ဗုဒ္ဓ၏ဂုဏ်တော်များ

 ဗုဒ္ဓ၏ဂုဏ်တော်များ ဗုဒ္ဓမှာ ဂုဏ်တော်ကိုးပါး ရှိ၏။ ယင်းတို့ကား အောက်ပါအတိုင်း ဖြစ်၏။  ၁။ အရဟံ၊  ၂။ သမ္မာသမ္ဗုဒ္ဓေါ၊  ၃။ ဝိဇ္ဇာစရဏသမ္ပန္နော၊  ၄။ သုဂတော၊  ၅။ လောကဝိဒူ၊  ၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ၊  ၇။ သတ္ထာဒေဝမနုဿာနံ၊ ၈။ ဗုဒ္ဓေါ ၉။ ဘဂဝါ

ဗုဒ္ဓက လက်ခံထားသော စကားနှစ်မျိုး။

 ဗုဒ္ဓက လက်ခံထားသော စကားနှစ်မျိုး။ မှန်ကန်၊ အကျိုးရှိ၊ မနှစ်သက်ဖွယ် စကားမျိုး မှန်ကန်ုဦ အကျိုရှိ၊ နှစ်သက်ဖွယ် စကားမျိုး အကျိုးမရှိသည့်စကားကို ပြောလိုသည့် ဆန္ဒသည် ဗုဒ္ဓနှင့် ရဟန္တာတို့ပယ်သတ်ပြီးသော ကိလေသာတစ်ခု ဖြစ်၏။

ကမ္မဋ္ဌာန်း အားထုတ်ရာ

 ကမ္မဋ္ဌာန်း အားထုတ်ရာ၌ အဓိက နည်းနှစ်နည်း ရှိ၏။  (၁) အပြင်အာရုံများ (ရုမ်၊နာမ်) ပေါ်၌ မိမိ၏ စိတ်ကို စူးစိုက်ရှုစေခြင်း။  (ဤနည်းကို သမထ ဘာဝနာ ဟုခေါ်)     သမထ ဟူသည် စိတ်၏ တည်ကြည်မှုကို ဆိုလို၏။ ဘာဝနာဟူသည် ကမ္မဋ္ဌာန်းအားထုတ်ပွားများမှု       (၂) မိမိ ကိုယ်အပေါ်၌ စိတ်ကို စူးစမ်းရှုခြင်း။ ဝိသည် ထင်ရှားသေချာစွာ ဟုဆိုလို၏။ ပဿနာသည် သိမှတ်ခြင်းကို ဆိုလို၏။ မိမိကိုယ်အပေါ်၌ စူးစိုက်ခြင်းဖြင့် နာမ်နှင့်ရုပ်တို့၏ သဘောအမှန်ကို ထင်ရှားသေချာစွာ သိမြင်ဖို့ အတွက် ကမ္မဌာန်း အားထုတ်ပွားများခြင်း ဖြစ်၏။

ပါရမီ ဆိုသည်မှာ အဘယ်နည်း။

ပါရမီ ဆိုသည်မှာ အဘယ်နည်း။  ပါရမီ ဟူသော စကားက မြင့်မြတ်ကောင်းမွန်သော အမှု ဟူ၍လည်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်၏။ ဗုဒ္ဓဘုရားတို့သည် ဗောဓိသတ္တာတို့အား သဗ္ဗုညုတဉာဏ်ကို ရယူရန် အတွက် ဘာတွေလုပ်သင့်သည်၊ ဘာတွေ မလုပ်သင့်ဟူ၍ မပြောပြခဲ့ချေ။ မိမိတို့၏ အလွန်ထူးခြားသည့် အသိဉာဏ်စွမ်းဖြင့် မိမိတို့ ကိုယ်တိုင်ပင် နည်းလမ်းကို တွေ့ရှိကြပါကုန်၏။ ပါရမီဆယ်ပါးတို့သည့်ကား - (၁) ဒါန ပါရမီ (၂) သီလ ပါရမီ (၃) နေက္ခမ္မ ပါရမီ (၄) ပညာ ပါရမီ (၅) ဝီရိယ ပါရမီ (၆) ခန္တီ ပါရမီ (၇) သစ္စ ပါရမီ (၈) အဓိဌာန ပါရမီ (၉) မေတ္တာ ပါရမီ (၁၀) ဥပေက္ခာ ပါရမီ

"သင်သည် လောကဓံများကို လုံးဝ စိတ်ငြိမ်သက်မှုဖြင့် ရင်ဆိုင်နိုင်အောင် မိမိကိုယ်ကို ထိန်းသိမ်းလော့"

ထို လောကဓံ ရှစ်ပါးတို့ကား အောက်ပါ အတိုင်းဖြစ်၏။ (၁) တစ်စုံတစ်ဦးမှာ ဥစ္စာဓန ရှိသည့်အခါ၊ (၂) ဥစ္စာဓန မရှိသည့်အခါ၊ (၃) တန်ခိုးသြဇာ ရှိသည့်အခါ၊ (၄) တန်ခိုးသြဇာ မရှိသည့်အခါ၊ (၅) ချီးမွမ်းခံရသည့်အခါ၊ (၆) ချီးမွမ်း မခံရသည့်အခါ၊ (၇) ဒုက္ခရောက်သည့်အခါ၊ (၈) ဒုက္ခမှ လွတ်မြောက်သည့်အခါ၊ "တစ်သက်တာတွင် အတက်အကျများ ရှိကြ၏။ သင်သည် တက်နေသည့်အခါ မိမိကိုယ်ကို ဘဝင်မြင့်ခွင့် မပေးလင့်၊ စိတ်ဘဝင်မြင့်ခြင်းသည် လောဘကို ဖြစ်စေလိမ့်မည်။ သင်သည် ကျသွားသည့်အခါ မိမိကိုယ်ကို စိတ်မချမ်းသာခွင့် မပေးလင့်၊ စိတ်မချမ်းသာခြင်းသည် ဒေါသကို ဖြစ်စေလိမ့်မည်။"