ကမ္မဋ္ဌာန်း အားထုတ်ရာ၌ အဓိက နည်းနှစ်နည်း ရှိ၏။
(၁) အပြင်အာရုံများ (ရုမ်၊နာမ်) ပေါ်၌ မိမိ၏ စိတ်ကို စူးစိုက်ရှုစေခြင်း။ (ဤနည်းကို သမထ ဘာဝနာ ဟုခေါ်)
သမထ ဟူသည် စိတ်၏ တည်ကြည်မှုကို ဆိုလို၏။ ဘာဝနာဟူသည် ကမ္မဋ္ဌာန်းအားထုတ်ပွားများမှု
(၂) မိမိ ကိုယ်အပေါ်၌ စိတ်ကို စူးစမ်းရှုခြင်း။
ဝိသည် ထင်ရှားသေချာစွာ ဟုဆိုလို၏။ ပဿနာသည် သိမှတ်ခြင်းကို ဆိုလို၏။ မိမိကိုယ်အပေါ်၌ စူးစိုက်ခြင်းဖြင့် နာမ်နှင့်ရုပ်တို့၏ သဘောအမှန်ကို ထင်ရှားသေချာစွာ သိမြင်ဖို့ အတွက် ကမ္မဌာန်း အားထုတ်ပွားများခြင်း ဖြစ်၏။
Comments
Post a Comment