Skip to main content

Posts

ICJ vs ICC short note for PGDL studies

  ICJ — အပြည်ပြည်ဆိုင်ရာ တရားရုံး International Court of Justice ကုလသမဂ္ဂ (UN) ၏ အဓိက တရားရေးအဖွဲ့အစည်း ⚖️ ICJ ၏ အဓိက တာဝန်များ • နိုင်ငံများအကြား အငြင်းပွားမှုများကို နိုင်ငံတကာဥပဒေအရ ဆုံးဖြတ်ပေးခြင်း • ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ တောင်းဆိုချက်အရ ဥပဒေရေးရာ အကြံပြုချက် ပေးခြင်း 📌 အရေးကြီးသော အချက်များ ✔️ လူပုဂ္ဂိုလ်ကို မစွဲဆိုနိုင်ပါ ✔️ နိုင်ငံများသာ စွဲဆိုနိုင် တည်နေရာ — ဟေ့ဂ်မြို့၊ နယ်သာလန် တရားသူကြီး — 15 ဦး ICJ vs ICC • ICJ → နိုင်ငံ ↔ နိုင်ငံ • ICC → လူပုဂ္ဂိုလ် (နိုင်ငံတကာ ရာဇဝတ်မှု) 🌐 www.nyanlinhtet.name

Key Cybersecurity Awareness Dates

Key Cybersecurity Awareness Dates Data Privacy Week : Late January (e.g., Jan 26-30, 2026). Safer Internet Day : February (e.g., Feb 10). World Backup Day : March 31. World Password Day : May (e.g., May 1, 2025; May 7, 2026). Cybersecurity Awareness Month : The entire month of October. International Computer Security Day : November 30. By www.nyanlinhtet.name

All about DPS (1)

မလွယ်ကူတဲ့ လမ်းကြောင်းတစ်ခုပါပဲ။ အချိန်ကန့်သတ်ချက်တွေ၊ အလုပ်နဲ့ ပညာရေးကို တပြိုင်နက်ထဲ ကိုင်တွယ်ရတဲ့ အခက်အခဲတွေ၊ ကိုယ်တိုင်ကိုယ်ကျ မေးခွန်းတွေ များစွာ ရှိခဲ့ပါတယ်။ ဒါပေမယ့် မရပ်တန့်ခဲ့ဘူး ။ နေ့စဉ် လေ့လာမှုကို အလေးထားခဲ့ပြီး၊ သီအိုရီတွေကို လက်တွေ့အခြေအနေတွေနဲ့ ချိတ်ဆက်စဉ်းစားခဲ့ပါတယ်။ ဆရာ၊ ဆရာမများရဲ့ လမ်းညွှန်မှု၊ မိသားစုရဲ့ အားပေးထောက်ခံမှုကလည်း ဒီခရီးစဉ်ကို ဆက်လက်လှမ်းနိုင်အောင် ကူညီပေးခဲ့ပါတယ်။ ဒီခရီးစဉ်က ပညာရရှိဖို့သာမက  အမြင်ကျယ်စေခဲ့တယ်၊ စဉ်းစားနိုင်စွမ်း တိုးတက်စေခဲ့တယ်၊ လူမှုရေးနဲ့ နိုင်ငံရေးကို နက်နက်ရှိုင်းရှိုင်း နားလည်လာစေခဲ့ပါတယ်။ ဒီနေ့မှာတော့ Postgraduate Diploma in Political Science သို့ ခရီးစဉ်တစ်ခု ကို အောင်မြင်စွာ လှမ်းနိုင်ခဲ့ပါပြီ။ တကယ် အမှတ်တရနဲ့ အတွေ့အကြုံများ (Skyrocketing prices, Survival such circumstances often requires a mix of practical strategies, community support, and psychological resilience)  ပါပဲ။ ပုံမှန်ဆို (၁) နှစ် အချိန်ပေးယုံ၊ ကြုံလိုက်ရသည့်က ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကနေ ပေးလိုက်ရသည့်အချိန် (၄) နှစ်ကျော် ၊ မိုင်(၂၀၀)ခရီးကနေ လစဥ်အပတ်...

Modules for Diploma in Political Science from YU

  Modules for Diploma in Political Science (DPS) Semester I DPS  Module I      International Relations in Political Thought DPS  Module II     Essentials of International Relations DPS  Module III     Comparative Politics DPS  Module IV    Public Administration   Semester II DPS  Module V     Foreign Policy Formulation DPS  Module VI    Elements of Political Institutions DPS  Module VII    Comparative Politics DPS  Module VIII   Public Policy Source: YU All about DPS

All about PGDL (1)

Welcome to PGDL (YUDE) Introduction မိတ်ဆက် ဥပဒေကို စတင်လေ့လာမယ်လို့ ဆုံးဖြတ်ခဲ့တဲ့နေ့က စပြီး ဒီလမ်းကြောင်းဟာ စာအုပ်တစ်အုပ်ဖွင့်လိုက်သလို ဖြစ်ခဲ့ပါတယ်။ အရင်က ဥပဒေဆိုတာ တရားရုံး၊ စာရွက်စာတမ်းတွေ၊ ခက်ခဲတဲ့ စကားလုံးတွေကြားက အရာတစ်ခုလို့ပဲ ထင်ခဲ့ပါတယ်။ ဒါပေမယ့် PGDL ကို စတင်လေ့လာပြီးနောက် ဥပဒေဟာ လူ့ဘဝနဲ့ နီးစပ်လှတဲ့ စည်းမျဉ်းတွေ၊ အခွင့်အရေးတွေ၊ တာဝန်ယူမှုတွေကို ပုံဖော်ထားတဲ့ ဘာသာရပ်တစ်ခုဆိုတာ နားလည်လာခဲ့ပါတယ်။ ဒီ Journey to Law ဟာ လွယ်ကူတဲ့ လမ်းမကြီး မဟုတ်ပါဘူး။ Contract Law ရဲ့ စည်းကမ်းချက်တွေကြားမှာ စိတ်ပူရသလို၊ Criminal Law ရဲ့ အယူအဆတွေကြားမှာ ပြစ်မှုမြောက်ခြင်း၊ သံသယနှင့် သူ့ အကျိုးဆက် ဆိုသည့်အပိုင်းတွေကို တွေ့ရပါတယ်။ Public Law ကို လေ့လာရင်းတော့ အာဏာနဲ့ တာဝန်၊ နိုင်ငံသားနဲ့ အစိုးရကြားက ဆက်ဆံရေးကို ပြန်လည်စဉ်းစားမိလာပါတယ်။ ဥပဒေပညာဘွဲ့လွန် (၁) နှစ် သင်တန်းပြီးပြီးမြောက်သွားရင်တော့ ရရှိသည့် လက်မှတ်သည် "Equivalent to Registered Lawyer Course" ဆိုပြီး ပါဝင်ပါသည်။  ဒီဘလော့ဂ်မှာတော့ ဥပဒေကို စတင်လေ့လာတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ ကြုံတွေ့ရတဲ့ စိတ်လှုပ်ရှားမှုတွေ၊ စိန်ခေါ်မှုတွေ၊ သင်ခ...

PGDL Registration data-Simple

PGDL Registration data-Simple  Student Name -    DOB   - Day/Month /Year Gender-  Nationality /Race - Myanmar /Bamar  NRIC   - Department- Course Type- Occupation -  Email- Phone - Address - No.() , Street  , Block  ,  Township, Yangon. 2.Parent Information Father  -U  Phone-09 Father's Occupation - Retired Address- 3. Academic Qualification Major-  Degree-     University - 

DPS Batch (8) ဖွင့်လှစ်မည်။

Diploma in Political Science (DPS) အပတ်စဥ် (၈) ရန်ကုန်တက္ကသိုလ် တွင်ဖွင့်လှစ်မည်ဖြစ်ပါသည်။

မြန်မာတို့၏ ကျင့်ဝတ်များ

မြန်မာတို့၏ကျင့်ဝတ်များ 1 min read တပည့်ကျင့်ဝတ် ငါးပါး ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ။ (သင်္ဂဇာဆရာတော်) ဆရာ့ဝတ္တရား ငါးပါး အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ။ (သင်္ဂဇာဆရာတော်) လင်ကျင့်ဝတ်ငါးပါး မထေမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊ မြတ်နိုးကျင်၊ ငါးအင်လင့်ကျင့်ရာ။ (သင်္ဂဇာဆရာတော်) မယားဝတ္တရား ငါးပါး အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ဝတ်ငါးဆူ၊ အိမ်သူကျင့်အပ်ရာ။ (သင်္ဂဇာဆရာတော်) သားသမီးကျင့်ဝတ် ငါးပါး ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။ မိဘကျင့်ဝတ် ငါးပါး မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ။ မိတ်ဆွေကျင့်ဝတ် ငါးပါး ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေမိတ်သဟာ။ ကျေးဇူးခံ မိတ်ဆွေကျင့်ဝတ် ငါးပါး မေ့လျော့စော...

အတုအယောင် ဝက်ဘ်ဆိုက်များ၏ အဓိက သတိပေး လက္ခဏာများ (Fake Website)

ဖန်တီးထားသော အချက်အလက်များအပေါ် အခြေခံ၍ လိမ်လည်သည့် သို့မဟုတ် အတုအယောင် ဝက်ဘ်ဆိုက်များကို ခွဲခြားသိမြင်နိုင်ရန် အဓိက သတိပြုရမည့် အချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-   အတုအယောင် ဝက်ဘ်ဆိုက်များ၏ အဓိက သတိပေး လက္ခဏာများ သတိပေး လက္ခဏာ ဖော်ပြချက် သံသယဖြစ်ဖွယ် URL/ဒိုမိန်းအမည် အတုအယောင်ဆိုက်များသည် စာလုံးပေါင်းမှားယွင်းမှုများ၊ စာလုံးထပ်ထည့်မှုများ သို့မဟုတ် ပုံမှန်မဟုတ်သော ဒိုမိန်းအဆုံးသတ်များ (ဥပမာ-  .com  အစား  .xyz ) ကို မကြာခဏ အသုံးပြုကြသည်။ လင့်ခ်များကို မနှိပ်မီ URL အပြည့်အစုံကို ကြည့်ရှုရန် အမြဲတမ်း ပြန်လည်စစ်ဆေးပါ။ HTTPS/လုံခြုံရေး မပါဝင်ခြင်း ဝက်ဘ်လိပ်စာတွင် "HTTPS" (ဆိုလိုသည်မှာ ဆက်သွယ်မှု လုံခြုံမှုမရှိခြင်း) မပါဝင်ခြင်းသည် ကြီးမားသော သတိပေးချက်တစ်ခုဖြစ်သည်။ သို့သော် HTTPS ပါတိုင်းလည်း လုံးဝယုံကြည်ရသည်တော့ မဟုတ်ပေ။ ဒီဇိုင်းအရည်အသွေး ညံ့ဖျင်းခြင်း လိမ်လည်သည့် ဝက်ဘ်ဆိုက်အများစုတွင် ပုံပျက်ပန်းပျက် ဒီဇိုင်းများ၊ အရည်အသွေးနိမ့် ပုံများ၊ သို့မဟုတ် ဘာသာစကား အသုံးပြုပုံ မမှန်ကန်ခြင်းနှင့် စာလုံးပေါင်းသတ်ပုံ အမှားများ ပါဝင်လေ့ရှိသည်။ လက်တွေ့မဆန်သော ကမ်းလှမ်းချက်များနှင...

YUDE PGDL Program

A breif of PGDL from YUDE Program Name : Post Graduate Diploma in Law (PGDL) Started from 2012 Batch – 19/2024 The duration of the course is ten months. (At present, 12 months) Any university graduate who has registered in the related website can attend the Diploma course. Student number is limited. Course Fees-740000 kyats (For two semesters) INSTRUCTORS (သင်ကြားပေးသည့် ဆရာ/ဆရာမ များ) The online programs are operated by experienced Professors of Law including teaching staffs of the Law Department, Yangon University of Distance Education. 1. Dr Tin Htay Ei (Professor & Head) 2. Dr Thi Thi Lwin (Professor) 3. Dr Than Than Oo (Professor) 4. Dr Thida Tun (Professor) 5. Dr Thin Thin Khaing (Professor) 6. Daw Kyin Yi (Associate Professor) 7. Daw Khin Win (Associate Professor) 8. Daw Soe Su San (Associate Professor) 9. Dr. Po Ma Ma Aung ( Lecturer) 10. Dr. Nwe Nwe Tun ...

နိုင်ငံရေးသိပ္ပံပညာ (ရန်ကုန်တက္သသိုလ်) မှာ ဘာတွေသင်ရမှာလဲ။

ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံပညာဌာန တွင် ရွေးချယ် တက်ရောက်သင်ကြားခွင့်ရသူများ ဟာ အောက်ပါ ပညာရပ်များ ကို သင်ကြားရပါသည်။ International Relations in Political Thought Elements of International Relations Comparative Politics: State and Society Public Policy Political Theories Foreign Policy Formulation Comparative Politics: Institutions Public Administration Reference: University of Yangon

Child

Child You were to them a special child You gave them joy every time you smiled Each time you cried they're at your side to care Child you don't know you'll never know Freddie Aguilar ‧ 1978

အဖိုးကြီးအို ခါးကုန်းကုန်း မသေပါနဲ့အုံး

အဖိုးကြီးအို ခါးကုန်းကုန်း ဆိုသည်မှာ ( Disclaimer ) တို့တတွေဟာ ဘဝတိုင်း ဘဝတိုင်း  အဖိုးကြီး အမေကြီး ဘဝနဲ့ အသက်အရွယ်ကြီးကြီးနဲ့ သေရတဲ့ ဘဝတွေ များခဲ့လှပါပြီ လူဖြစ်တော့ လည်း လူအဖိုးကြီး လူအဘွားကြီး ငှက်ဖြစ်တော့လည်း ငှက်အဖိုးကြီး ငှက်အဖွားကြီး နွားဖြစ်တော့ လည်း နွားအဖိုးကြီး နွားအဖွားကြီး ကြက်ဖြစ်တော့လည်း ကြက်အဖိုးကြီး ကြက်အဖွားကြီး သူဌေးကြီး ဖြစ်တော့လည်း.သူဌေးအဖိုးကြီး သူဌေးအဖွားကြီး ဘုရင် ဖြစ်တော့လည်း ဘုရင်အဖိုးကြီး ဘုရင်အဖွားကြီး ဘဝ များစွာမှာ အရိယာ ဘဝက လွဲ၍  မဖြစ်ဖူးတဲ့ဘဝဆိုတာ မရှိပါဘူး သူဌေးကြီး ဘုရင်ကြီး တွေလည်းဖြစ်ခဲ့ဖူးတယ် တိရိစ္ဆာန်မျိုးစုံ ဘဝလည်း ဖြစ်ဖူးခဲ့ပြီ နတ်တွေ ဗြဟ္မာတွေလည်း ဖြစ်ခဲ့ဖူး ပြီl ၃၁ ဘုံမှာ မဖြစ်ဖူးတာ မရှိသလောက်ပဲ ဘဝတိုင်း ဘဝတိုင်း အသက်ကြီး ပြီး သေ သေ ခဲ့ရတာချည်းပဲ တစ်ချို့ဆိုရင် အသက်တောင်မကြီးလိုက်ရ သေနေကြရတာပဲ။ ဒါပေမဲ့ မသေပါနဲ့အုံး #ရှေးနှစ်ခါ တန်ဆောင်မုန်း ဆိုတာက တစ်ချို့က နောက်နှစ်ခါ တန်ဆောင်မုန်းလို့ ဆိုကြတယ် အမှန်က ရှေးနှစ်ခါတန်ဆောင်မုန်း ပါ ရှေးနှစ်ခါ ဆိုတာက လာမဲ့နှစ်လို့ ထင်တတ်ကြတယ် မဟုတ်ပါဘူး သာသနာတော် ၂၅၆၅ နှစ်ရှိခဲ့ပြီ. ဘုရားရှင်ထားခဲ့တော်မူသော...

ပထမဆုံး မေတ္တာ ဘယ်သူ့ကို ပို့ရသလဲ။ ဘာကြောင့်လဲ။

ပထမဆုံး မေတ္တာ ဘယ်သူ့ကို ပို့ရသလဲ။  ( Disclaimer ) ဘာကြောင့်လဲ။ ဖြေ ။ ။ မေတ္တာပို့မယ့်လူဟာ ပထမဆုံး ကိုယ့်ကိုယ်ကို မေတ္တာပို့ရမယ်။ ပို့နည်းကတော့ - အဟံ အဝေရော ဟောမိ၊ ငါသည် ဘေးရန်ကင်းပါစေ။ အဗျာပဇ္ဈော ဟောမိ၊ စိုးရိမ်ကင်းပါစေ။ အနီဃော ဟောမိ၊ ဆင်းရဲကင်းပါစေ။ သုခီ အတ္တာနံ ပရိဟရာမိ၊ ချမ်းသာပါစေ - လို့ ပို့ရမယ်။ ဘာကြောင့် ကိုယ့်ကိုယ်ကို ပထမ ပို့ရသလဲဆိုတော့ ငါဟာ ရန်ကင်းချင်တယ်။ ဆင်းရဲကင်းပြီး ချမ်းသာချင်တယ်။ အသက်ရှည်ချင်တယ်။ ငါ့လိုပဲ အခြား သတ္တဝါတွေလဲ ချမ်းသာချင်မယ်၊ အသက်ရှည်ချင်မယ်လို့ ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်မယ်၊ ဒီကိုယ်ချင်းစာစိတ်ဟာ မေတ္တာစိတ်ကို ဖြစ်ပေါ်စေမယ်။ ဒါကြောင့် မေတ္တာပျိုးတဲ့အနေနဲ့ ကိုယ့်ကိုယ်ကို ပထမဆုံး မေတ္တာပို့ရမယ်။ Source: wiki

မေတ္တာအရင် မပွားသင့်တဲ့သူများ

  မေတ္တာအရင် မပွားသင့်တဲ့သူများကိုလည်း သိထားရပါတယ်။ သူတို့ကတော့ ၁။ မုန်းတဲ့သူကို အရင် မပို့သင့်ပါဘူး။ မုန်းသူကို မေတ္တာအရင်ပို့မိရင် မေတ္တာမပွားနိုင်ဘဲ ဒေါသဖြစ်လာတတ်လို့ပါ။ ၂။ သိပ်ချစ်ရတဲ့သူများကိုလည်း မေတ္တာအရင် မပို့သင့်ပါဘူး။ မှန်ပါတယ်။ သိပ်ချစ်ရတဲ့သူနဲ့ပတ်သက်လာရင် ဒုက္ခဖြစ်တယ် အဆင်မပြေဘူးဆိုတာမျိုးကြားရရင်တောင် စိတ်ဆင်းရဲမှုဖြစ်လွယ်လို့ မေတ္တာအရင်မပို့သင့်တာပါ။ ၃။ မချစ် မမုန်းတဲ့သူကိုလည်း မေတ္တာအရင်မပို့သင့်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အကြောင်းမသိဘဲ ချစ်တဲ့သူနေရာမှာထားပြီး မေတ္တာပွားရင် ပင်ပန်းမှုတွေကြုံရတတ်လို့ပါ။ ၄။ ကိုယ့်ရန်သူကိုလည်း မေတ္တာအရင် မပို့သင့်ပါဘူး။ ကိုယ့်ရန်သူကို မေတ္တာအရင်ပို့ရင် မေတ္တာမပေါ်ဘဲ ဒေါသအရင် ဖြစ်လာတတ်လို့ပါ။ ၅။ ဆန့်ကျင်ဘက် လိင်ရှိသူကိုလည်း မေတ္တာအရင်မပို့သင့်ပါဘူး။ ဆိုလိုတာက အမျိုးသားများက အမျိုးသမီးများကို၊အမျိုးသမီးများက အမျိုးသားများကို မေတ္တာအရင် မပို့သင့်တာမျိုးပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဆန့်ကျင်ဘက်လိင် ရှိသူကို မေတ္တာအရင်ပို့မိရင် မေတ္တာအရင် ပေါ်မလာဘဲ စွဲလန်းမှု တဏှာက အရင် ပေါ်လာတတ်လို့ပါ။ ပြီးတော့ ၆။ ကွယ်လွန်သွားသူကိုတော့ ဘယ်တော့မှာ မေတ္တာမပို့သ...

မေး။ ။ လူတစ်ယောက်ကို မေတ္တာဘယ်နှစ်ခု ပို့နိုင်ပါသလဲ။ နမူနာ ပို့ပြပါ။

  မေး ။ ။ လူတစ်ယောက်ကို မေတ္တာဘယ်နှစ်ခု ပို့နိုင်ပါသလဲ။ နမူနာ ပို့ပြပါ။ ဖြေ ။ ။ လူတစ်ယောက်ကို မေတ္တာ ၄ ခုသာ ပို့နိုင်ပါတယ်။ ဥပမာအားဖြင့် - ပါဠိလို ……………………………………………………………. မြန်မာလို မမအာစရိယော…………………………………………………. ငါရဲ့ဆရာ (…………….) သည် ၁။ အဝေရာ ဟောတု ………………………………………….. ရန်ကင်းပါစေ ၂။ အဗျာပဇ္ဇော ဟောတု……………………………………….. ကြောင့်ကြကင်းပါစေ ၃။ အနီဃော ဟောတု …………………………………………. ဆင်းရဲကင်းပါစေ ၄။ သုခိ အတ္တာနံ ပရိဟရန္တု ……………………………………. ချမ်းချမ်းသာသာ ရှိပါစေ လို့ ဒီလေးပါးပဲ ပို့နိုင်ပါတယ်။

သဗ္ဗေသတ္တာစတဲ့ မေတ္တာပို့ ဗြဟ္မဝိဟာရ ပွားများနည်းကို အနက်အဓိပ္ပာယ်မသိဘဲ ရွတ်နေလို့ မေတ္တာပို့ရာ ရောက်ပါ့မလား။

  မေး ။ ။ သဗ္ဗေသတ္တာစတဲ့ မေတ္တာပို့ ဗြဟ္မဝိဟာရ ပွားများနည်းကို အနက်အဓိပ္ပာယ်မသိဘဲ ရွတ်နေလို့ မေတ္တာပို့ရာ ရောက်ပါ့မလား။ ဖြေ ။ ။ အနက်အဓိပ္ပာယ်မသိဘဲ ပါဠိကို လျှောက်ရွတ်နေလို့ မေတ္တာပို့ရာ မရောက်ပါဘူး။ ပရိတ်ကိုရွတ်လို့ အန္တရာယ်ကင်းပေမယ့် မေတ္တာကိုရွတ်လို့ မရပါဘူး၊ မသိဘဲ ရွတ်နေလို့ မေတ္တာပို့ရာ မရောက်ပါဘူး။ ပရိတ်တော်ကတော့ မသိဘဲရွတ်ပေမယ့် ဘုရားဂုဏ်တော်တွေကို ရွတ်ဖတ်နေတာဖြစ်လို့ အဲဒီပရိတ်ကို ကြားနာလိုတဲ့ နတ်ဗြဟ္မာတွေက ကြားနာနိုင်တဲ့အတွက် မိမိက မသိပေမယ့် ဓမ္မဒေသနာကုသိုလ်တော့ ရနိုင်ပါတယ်။ အဲဒီကုသိုလ်ကြောင့် အန္တရာယ် ကင်းနိုင်ပါတယ်။ ဒီ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မဝိဟာရ တရားတွေက စိတ်တည်ငြိမ်အောင် သမာဓိရအောင် ပွားများရတဲ့ ဘာဝနာကမ္မဋ္ဌာန်းတွေ ဖြစ်ပါတယ်။ ချစ်မြတ်နိုးတဲ့ သတ္တဝါတွေ အကျိုးကို တကယ်မလိုလားဘဲ၊ ဒုက္ခိတ သတ္တဝါတွေကို တကယ်မသနားဘဲ၊ သုခိတသတ္တဝါတွေကို တကယ်မဝမ်းမြောက်ဘဲ သတ္တဝါတွေဟာ ကမ္မသကာ ကံတရားစီမံရာပဲလို့ တကယ်စိတ်က မရောက်ဘဲ သဗ္ဗေသတ္တာ၊ သဗ္ဗေပါဏာတွေကို အရကျက်ပြီး လျှောက်ရွတ်နေလို့တော့ မေတ္တာပို့ရာ မရောက်ပဘူး။ ဒါကြောင့် ပါဠိကို ခက်လို့ အနက်မထင်တဲ့ ပါဠိမတတ်တဲ့ လူတွေဟာ ရှေးငါးရာ...

မင်္ဂလာပါ ဆိုသည်မှာ -

 မင်္ဂလာပါ။ အဓိပ္ပာယ်က တော့ မဟုတ်တာကို မလုပ်နဲ့၊ ဟုတ်တာကို လုပ်။ မဟုတ်တာ၊မမှန်တာမလုပ်မိကြစေဖို့၊မကြံစည်မိကြစေဖို့ အပြန်အလှန်သတိပေးကြသည့်သဘော သက်ရောက်စေသည့် မြန်မာတို့၏ နှုတ်ဆက်စကား မင်္ဂလာပါ။ မင်္ဂံ လုနာတီတိ မင်္ဂလံ ပေါ့။ မင်္ဂံ မကောင်းမှု ဒုစရိုက်ကို လုနာတိ ဖြတ်တတ်၏ က္ကုတိတသ္မာ ထို့ကြောင့် မင်္ဂလံ မင်္ဂလာ မည်၏။ အဲဒီတော့ မကောင်းမှု တွေကို ပယ်ဖျက်နိုင်တဲ့ သဘောတရားဟာ မင်္ဂလာပေါ့ဗျာ

Why IT Auditing is important?

 Why IT Auditing is important?      IT auditing is important because it identifies risks to protect business data , ensures compliance with regulations, enhances operational efficiency by finding weaknesses, and provides assurance to stakeholders by verifying the reliability and security of IT systems . These audits strengthen internal controls, prevent financial and data loss, and enable better-informed strategic decisions for sustained business success. IT Auditing သည် လုပ်ငန်းဒေတာများ(Business Data) ကို ကာကွယ်ရန် ဘေးအန္တရာယ်များကို ခွဲခြားသတ်မှတ်ပေးသည်(Identifies risks)၊ စည်းမျဉ်းများနှင့် လိုက်လျောညီထွေရှိစေရန် (Compliance with regulations)၊ အားနည်းချက်များကို ရှာဖွေခြင်း(Weaknesses)ဖြင့် လုပ်ငန်းလည်ပတ်မှုစွမ်းဆောင်ရည်(Operational Efficiency)ကို မြှင့်တင်ပေးပြီး IT စနစ်များ၏ ယုံကြည်စိတ်ချရမှု(Reliability)နှင့် (Security)လုံခြုံရေးကို စိစစ်ခြင်း(Verifying)ဖြင့် သက်ဆိုင်သူများ(Stakeholders) အား အာမခံချက်ပေးပါသည်။ ကျွန်တော်တို့ စာရင်းစစ်များသည် ဌာနတွင်းထိန်း...

PMP principle နှင့် စီမံခန့်ခွဲရေးတာဝန်ယူနေရမည့် မြန်မာ့လူ့အဖွဲ့အစည်း

PMI ရဲ့ principle ကို ကူးယူဖော်ပြထားပါသည်။ အသိပေးမှတ်ချက် နိုင်ငံရေးအမြတ်ထုတ်မှု မပါဝင်ပါ။ အတွေးအမြင်များ ပေါ်မလွှမ်းမိုးပါ။ စာဖတ်သူများ အပေါ် ငွေကြေးဆိုင်ရာကျွမ်းကျင် အာမခံအကြံဉာဏ်ပေးနေခြင်း မဟုတ်ပါ။ မူပိုင်ခွင့်များနှင့် သက်ဆိုင်အခွင့်အရေးများ ရှိသည့်ကို သိသည်။ ချိုးဖောက်မိနေလျှင် ဆက်သွယ်ပါ။ ဒေတာများ အချိန်နှင့် တပြေးညီ ပြောင်းလဲနေပါသည်။ စာဖတ်သူအား ဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်သည်။