Skip to main content

Understanding Website Cookies

 Policy တွေ၊ Prosecute အလုပ်တွေ ကြားတည်းက Cybersecurity awareness knowledge sharing ကိုလည်း စိတ်ဝင်လို့ အားသည့် အချိန်တည်းက "Understanding Website Cookies" အကြောင်းကို ရေးသားလိုက်ပါသည်။


နေ့စဉ်၊ ဘဏ်လုပ်ငန်း၊ စျေးဝယ်၊ ဆိုရှယ်မီဒီယာ၊ အလုပ်နှင့် သင်ယူမှုများအတွက် ဝဘ်ဆိုဒ်များကို ကျွန်ုပ်တို့တွေ ဝင်ရောက်ကြည့်ရှုကြပါသည်။ ဝဘ်ဆိုက်အများစုသည် အသုံးပြုသူအတွေ့အကြုံ (User Experiences) ကို မြှင့်တင်ရန် ကွတ်ကီးများကို အသုံးပြုသည် — သို့သော်လည်း အသုံးပြုသူအများအပြားသည် ကွတ်ကီးများကို လွဲမှားစွာကိုင်တွယ်ပါက လုံခြုံရေးအန္တရာယ်ဖြစ်လာနိုင်သည်ကို မသိရှိကြပါ။

ကွတ်ကီးများသည် သုံးစွဲသူ၏ login, sessions, preferences, and activity တွေကို မှတ်သားသည့် အရာပင်ဖြစ်ပါသည်။

ဘာကြောင့် security awreness သိသင့်သလဲ?
Attacker က ကွတ်ကီးကိုသာ ရယူနိုင်လျှင်, သင့် password ကို သိစရာမလိုဘဲ၊ ဝင်ရောက်ခွင့်ရသွားနိုင်ပါသည်။ အဲတာကို ဘိုလ်လို "Session Hijacking" လိုခေါ်ပါတယ်။

အကောင်းဆုံး Best practices to stay safe ကတော့
• အများသူငှာ/မျှဝေထားသော ကွန်ပျူတာများတွင် လော့ဂ်အင်များကို သိမ်းဆည်းခြင်းမှ ရှောင်ကြဉ်ပါ။
• Two-Factor ကိုသုံးစွဲပါ။
• အသုံးပြုပြီးနောက် အရေးကြီးသော ဝဘ်ဆိုက်များမှ ထွက်ပါ။
• ဘရောက်ဆာကွတ်ကီးများနှင့် ကက်ရှ်များကို ပုံမှန်ရှင်းလင်းပါ။
• ဘရောက်ဆာများကို မွမ်းမံထားပါ။
• သံသယဖြစ်ဖွယ်လင့်ခ်များနှင့် အကောင့်ဝင်စာမျက်နှာအတုများကို ရှောင်ကြဉ်ပါ။
• ဘရောက်ဆာ extensions ကို ထည့်သွင်းသည့်အခါ သတိထားပါ။
• ယုံကြည်စိတ်ချရသော ကွန်ရက်များ (Secure networks) ကို အသုံးပြုပါ။

www.nyanlinhtet.name

Comments

Popular posts from this blog

Pyidaungsu Keyboard Layout

 

"မုတမပါ၊ လင်္ကာမချော"

 မုတမပါ လင်္ကာ မချော "မုသားမပါ လင်္ကာမချော" မဟုတ်ပါ၊ "မုတ မပါ လင်္ကာ မချော" ဖြစ်ပါသည်၊ ပဥ္စသီလတွင် မုသာဝါဒသိက္ခာပုဒ်သည် ချိုးဖျက်ခြင်းငှာလွယ်သော သိက္ခာပုဒ်ဖြစ်သည်။ ဘုရားအလောင်းတော်သည် ပါရမီဖြည့်ကာလ တစ်လျှောက် ထိန်းခဲ့၊ စောင့်ရှောက်ခဲ့သည်။ (ဖြည့်စွက်- သစ္စာဟောကြားရမည့်သူဖြစ်သောကြောင့်) ဒီကနေ့ မြန်မာ စကားတွင် စကားလုံးတစ်စု နာမည်ကြီးသည်၊ ထိုစကားမှာ "မုသား မပါ လင်္ကာမချော" ဖြစ်သည်၊ လိမ်ပြောရန် တိုက်တွန်းသော စကားဖြစ်သည်။ ပဥ္စသီလကို ဖောက်ဖျက်ရန် စိန်ခေါ်သော စကားဖြစ်သည်။ အမှန်မှာ၊ "မုသားမပါ လင်္ကာ မချော" မဟုတ်ပဲ၊ "မုတမပါ လင်္ကာမချော" ဖြစ်သည်။ လူတိုင်း အာရုံခြောက်ပါးရှိသည်။ ၁) မြင်ခြင်းကို "ဒိဋ္ဌ" ခေါ်သည် ၂)ကြားခြင်းကို "သုတ" ခေါ်သည် ၃) ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့၊သိရှိခြင်းကို "မုတ" ဆိုသည် မြင်ကာမျှဖြင့် စာဖွဲ့ပါလျှင် လင်္ကာ မညက်ညောနိုင်ပါ၊ ကြားရုံသက်သက်ဖြင့် စာစီပါက လင်္ကာ မညက်ညောနိုင်ပါ အမြင်၊ အကြားတို့သာမက ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့ သိရှိပြီးမှ ရေးသားလျှင် (သို့) ပြောဆိုလျှင် စကားညက်ညောသည်၊ လင်္ကာမြေ...

စလင်း (Crystal or Quartz)

စလင်း (Crystal or Quartz)        ထိုစလင်းကျောက်မျိုးမှာ အဖြူရောင်ရှိသော စလင်း နှင့် အခြားစလင်း အမျိုးမျိုး ရှိလေသည်။ ယင်းတို့မှာ စလင်းညို (Smoky Quartz)၊ စလင်းစိမ်း (Aquamarine)၊ စလင်းဝါ (Citrine)၊ စလင်းစွဲ (Amethst) မရန်းစေ့ရောင် ရှိသည်။ စလင်းနီ (Rose Quartz) စသည့်ဖြင့် အရောင်မျိုးစုံ ရှိသည်။ စလင်းအဖြူနှင့် အညိုကို မျက်မှန် အတွက် အသုံးပြုကြသည်။ စခန်းကြီးမှထွက်သော စလင်းတုံးကြီးများမှာ လူနှစ်ရပ်စာခန့် မြင့်မား၍ ရှန်ဟဲ မှ တရုတ်များပင် လာရောက် ဝယ်ယူပြီး အလှအပထားရန် ပန်းကန် ခွက်ယောက်များ ပြုလုပ်ကြလေသည်။ စလင်းစိမ်း (Aquamarine) စလင်းညို (Smoky Quartz) စလင်းနီ (Rose Quartz) စလင်းစွဲ (Amethst) မရန်းစေ့ရောင် စလင်းဝါ (Citrine)