Skip to main content

ရူပဗေဒ လောက သားတစ်ယောက်မှ မှတ်တမ်းတင်ပါသည်။

 IAEA ၏ စာချုပ်ဝင်နိုင်ငံဖြစ်လာသည့် မြန်မာ အုပ်ချုပ်မှုအဖွဲ့အစည်း​ဝေးသို့တက်

အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA)၏ အုပ်ချုပ်မှုအဖွဲ့(Board of Governors) အစည်းအဝေးအား မတ် ၆ ရက်မှ ၁၀ ရက်အထိ Vienna International Centre ၌ကျင်းပခဲ့ရာ ဩစတြီးယားနိုင်ငံ၊ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းက ထိုအစည်းအဝေးသို့တက်​ရောက်ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံမှ IAEA ၏ နျူကလီးယား အသုံးပြုမှု ဘေးကင်းလုံခြုံရေးနှင့်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ပိုင်ခွင့်နှင့်ဆောင်ရွက်ချက်များကို အစဉ်ထောက်ခံကာ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံက Convention on Assistance in the Case of a Nuclear Accident or Radiological Emergency (the Assistance Convention)၌ အတည်ပြုပါဝင်ခဲ့​ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၂၂ ခုနှစ်၊နိုဝင်ဘာ ၃ ရက်တွင် စာချုပ်ဝင်နိုင်ငံအဖြစ် စတင်အသက်ဝင်ခဲ့ပြီး အေဂျင်စီ၏ နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များမှတဆင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေသည့် နည်းပညာနှင့်စွမ်းဆောင်ရည်မြင့်တက်ရေးဆိုင်ရာ ကူညီပံ့ပိုးမှုများရရှိခဲ့သည်ဟုဆိုသည်။
ထို့ပြင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် Treaty on the Non-Proliferation of Nuclear Weapons (NPT)၊ Comprehensive Safeguards Agreement (CSA)နှင့် Additional Protocol (AP)များကို လိုက်နာဆောင်ရွက်ကြရန်လည်း မြန်မာသံအမတ်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

နျူကလီးယားလက်နက်မပြန့်ပွားရေးဆိုင်ရာ ကဏ္ဍအသီးသီး၌ မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်နေမှုများနှင့်သဘောထားအမြင်များကိုလည်း မြန်မာသံအမတ်ကြီးက ဆွေးနွေးပြောကြားခဲ့သည်။


 

Comments

Popular posts from this blog

"မုတမပါ၊ လင်္ကာမချော"

 မုတမပါ လင်္ကာ မချော "မုသားမပါ လင်္ကာမချော" မဟုတ်ပါ၊ "မုတ မပါ လင်္ကာ မချော" ဖြစ်ပါသည်၊ ပဥ္စသီလတွင် မုသာဝါဒသိက္ခာပုဒ်သည် ချိုးဖျက်ခြင်းငှာလွယ်သော သိက္ခာပုဒ်ဖြစ်သည်။ ဘုရားအလောင်းတော်သည် ပါရမီဖြည့်ကာလ တစ်လျှောက် ထိန်းခဲ့၊ စောင့်ရှောက်ခဲ့သည်။ (ဖြည့်စွက်- သစ္စာဟောကြားရမည့်သူဖြစ်သောကြောင့်) ဒီကနေ့ မြန်မာ စကားတွင် စကားလုံးတစ်စု နာမည်ကြီးသည်၊ ထိုစကားမှာ "မုသား မပါ လင်္ကာမချော" ဖြစ်သည်၊ လိမ်ပြောရန် တိုက်တွန်းသော စကားဖြစ်သည်။ ပဥ္စသီလကို ဖောက်ဖျက်ရန် စိန်ခေါ်သော စကားဖြစ်သည်။ အမှန်မှာ၊ "မုသားမပါ လင်္ကာ မချော" မဟုတ်ပဲ၊ "မုတမပါ လင်္ကာမချော" ဖြစ်သည်။ လူတိုင်း အာရုံခြောက်ပါးရှိသည်။ ၁) မြင်ခြင်းကို "ဒိဋ္ဌ" ခေါ်သည် ၂)ကြားခြင်းကို "သုတ" ခေါ်သည် ၃) ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့၊သိရှိခြင်းကို "မုတ" ဆိုသည် မြင်ကာမျှဖြင့် စာဖွဲ့ပါလျှင် လင်္ကာ မညက်ညောနိုင်ပါ၊ ကြားရုံသက်သက်ဖြင့် စာစီပါက လင်္ကာ မညက်ညောနိုင်ပါ အမြင်၊ အကြားတို့သာမက ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့ သိရှိပြီးမှ ရေးသားလျှင် (သို့) ပြောဆိုလျှင် စကားညက်ညောသည်၊ လင်္ကာမြေ...

ဘယ်တော့မှ မမေ့ဘူး Lyrics။ Kyaw Hein

  ကျွန်တော် လက်ရှိ တီးခက်နေတဲ့ သီချင်းပါ။ စိတ်အပန်းပြေပါတယ်။ ကြုံကြိုက်သည့်အခါ အတူ တွဲဖက်တီးခက်ဖို့ ဖိတ်ခေါ်ပါတယ်။  

အပြောင်းအလဲ ကောင်းတွေဖြစ်ဖို့ လိုနေပါပြီ။

  See more @ Theory U (a very very short note) Dec 4, 2024