Skip to main content

Personal Statement (1/2021)

ဆွေမျိုး၊ မိတ်ဆွေ သူငယ်ချင်း၊ ဆရာသမားအပေါင်းတို့ အား တင်ပြလိုသည်။

(၁) ကိုဉာဏ်လင်းထက် ၏ မိန်းမ သည် PPP ပါတီ ကလား။

လုံးဝ မှားယွင်းပြီး အခြေ အမြစ် မရှိသည့် စွပ်စွဲချက် တစ်ခုဖြစ်ပါသည်။ ကျွန်တော် ဇနီးသည် သည် အိမ်ရှင်မကောင်း တစ်ယောက်၏ တာဝန် မှ တပါး အခြား ပါတီနိုင်ငံရေး ကိစ္စများ တွင် လုံးဝ (လုံးဝ) ပါဝင် ပတ်သက်ခြင်းမျိုး မရှိကြောင်း ဖြေရှင်းလိုပါသည်။

(၂) ကိုဉာဏ် လင်းထက်က နိုင်ငံရေး ပါတီ တစ်ခုခုရဲ့ ပါတီဝင်လား။

            အထက်ပါ ပြောဆိုမှုများသည်လည်း လုံးဝ (လုံးဝ) မှားယွင်းနေပါသည်။

·         ထိုပြင် ကိုဉာဏ်လင်းထက်သည် လူမှုရေးအသင်းအဖွဲ့များတွင် သက်ဆိုင်ရာ ပညာရပ်ပြန့်ပွားရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း “အသင်းအဖွဲ့များသည် ပါတီ (သို့)ပါတီ image များ နှင့် ကင်းကင်း ရှင်းရှင်း ရှိသင့်ကြောင်း”ကို ကိုယ်ကျိုး မဖက်/ငဲ့ ရှေ့မှ နေ၍ လှုမှုရေး အသင်းအဖွဲ့တစ်ခုကို တွန်းတွန်းတိုက်တိုက် ကြိုးစားတင်ပြဖူးခဲ့သည့် ကို နီးစပ်ရာ အသိုင်းအဝိုင်းတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

(၃) ကိုဉာဏ်လင်းထက် သည် “ကြားနေ လိုလို ​ေ-ာမ နေလိုလို” စကားများ ပြောကြားနေသည်။

      အထက်ပါ ပြောဆိုမှုသည် Personal Attack တခုသာဖြစ်ပါသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ နိုင်ငံသားတိုင်းသည် ဥပဒေ နှင့် အညီ လွတ်လပ်စွာပြောဆိုခွင့် ရှိသည် ဆိုသည့်အတိုင်း ကျွန်ုပ်သည် မိမိ ၏ ထင်မြင်ယူဆချက်များ social media ပေါ်တွင် “သဘောရိုးသက်သက်ဖြင့် သာ တင်ပြခြင်း”၊ ပညာရပ်ဆိုင်ရာ အတွက် ရှာဖွေစုဆောင်းမှတ်တမ်း တင်ခြင်း၊ တစ်ဉီး တစ်ယောက်/အဖွဲ့အစည်းကို ထိခိုက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ရေးသားခြင်း မဟုတ်ကြောင်း၊ နှင့် “ခေတ်ပေါ် ကလောင်” ဖြင့်အသိတရားပေးခြင်းမျိုး အစရှိသည့် ပုံစံ အနေဖြင့်သာ စုစည်းတင်ပြခြင်းမျိုးသာဖြစ်ပါသည်။ သို့ပါ၍ Social media ပေါ်မှ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက် များသည် မိမိ မတွေ့လို မကြားလိုသော၊ မှန်ကန်ပြီး မခံမရပ်နိုင်ခြင်းမျိုး ဖြစ်လာပါက Facebook function များဖြစ်သည့် block, unfriend, unfollow နှင့် report လုပ်ခြင်းမျိုး ပြုလုပ်နိုင်ပါလျက် ဥပဒေ နှင့် မညီသည့် ဆောင်ရွက်ချက်များကို လူမှုကွန်ယက်ပေါ်တွင် ကျူးလွန်နေကြသည့် ကို တွေ့ရှိရပါသည်။

(၄) လက်ရှိ အခြေအနေပေါ်တွင် မည်သူ့အတွက် ရပ်တည် မည်နည်း။

     မိမိသည် နိုင်ငံတော် နှင့် နိုင်ငံအကျိုးစီးပွားကို သာ ရှေ့ရှု ပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိသည့် ပညာရှင်၊ လုပ်ငန်းရှင် အဖြစ်သာ အသက်မွေးသွားပါမည်။

Comments

Popular posts from this blog

ဘယ်တော့မှ မမေ့ဘူး Lyrics။ Kyaw Hein

  ကျွန်တော် လက်ရှိ တီးခက်နေတဲ့ သီချင်းပါ။ စိတ်အပန်းပြေပါတယ်။ ကြုံကြိုက်သည့်အခါ အတူ တွဲဖက်တီးခက်ဖို့ ဖိတ်ခေါ်ပါတယ်။  

"မုတမပါ၊ လင်္ကာမချော"

 မုတမပါ လင်္ကာ မချော "မုသားမပါ လင်္ကာမချော" မဟုတ်ပါ၊ "မုတ မပါ လင်္ကာ မချော" ဖြစ်ပါသည်၊ ပဥ္စသီလတွင် မုသာဝါဒသိက္ခာပုဒ်သည် ချိုးဖျက်ခြင်းငှာလွယ်သော သိက္ခာပုဒ်ဖြစ်သည်။ ဘုရားအလောင်းတော်သည် ပါရမီဖြည့်ကာလ တစ်လျှောက် ထိန်းခဲ့၊ စောင့်ရှောက်ခဲ့သည်။ (ဖြည့်စွက်- သစ္စာဟောကြားရမည့်သူဖြစ်သောကြောင့်) ဒီကနေ့ မြန်မာ စကားတွင် စကားလုံးတစ်စု နာမည်ကြီးသည်၊ ထိုစကားမှာ "မုသား မပါ လင်္ကာမချော" ဖြစ်သည်၊ လိမ်ပြောရန် တိုက်တွန်းသော စကားဖြစ်သည်။ ပဥ္စသီလကို ဖောက်ဖျက်ရန် စိန်ခေါ်သော စကားဖြစ်သည်။ အမှန်မှာ၊ "မုသားမပါ လင်္ကာ မချော" မဟုတ်ပဲ၊ "မုတမပါ လင်္ကာမချော" ဖြစ်သည်။ လူတိုင်း အာရုံခြောက်ပါးရှိသည်။ ၁) မြင်ခြင်းကို "ဒိဋ္ဌ" ခေါ်သည် ၂)ကြားခြင်းကို "သုတ" ခေါ်သည် ၃) ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့၊သိရှိခြင်းကို "မုတ" ဆိုသည် မြင်ကာမျှဖြင့် စာဖွဲ့ပါလျှင် လင်္ကာ မညက်ညောနိုင်ပါ၊ ကြားရုံသက်သက်ဖြင့် စာစီပါက လင်္ကာ မညက်ညောနိုင်ပါ အမြင်၊ အကြားတို့သာမက ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့ သိရှိပြီးမှ ရေးသားလျှင် (သို့) ပြောဆိုလျှင် စကားညက်ညောသည်၊ လင်္ကာမြေ...

အပြောင်းအလဲ ကောင်းတွေဖြစ်ဖို့ လိုနေပါပြီ။

  See more @ Theory U (a very very short note) Dec 4, 2024