Skip to main content

အာဏာရပါတီ ကို တပ်မတော် အသိအမှတ်မပြုတော့

 


လူငယ်တွေ စာများများဖတ်ဖို့ လိုလာပြီ။

ပထမ ဦးဆုံး ပြောချင်တာက လူငယ်တွေ ဒီမိုကရေစီ အရေး စိတ်အား တက်ကြွမှုဟာ အလားအလာကောင်းပါတယ်။

ကျွန်တော် တို့တွေဟာ အတွေ့အကြုံ ကောင်းတွေရှိပြီး သွားပါပြီ။ သင့်အကို၊ဦးလေး၊အမေ အဖေတွေ မေးကြည့်ပေးကြပါအုံး။

အာဏာရပါတီ ကို အစိုးရက အသိအမှတ်မပြုတော့။

ဘာဖြစ်လဲ...

#ပြည်သူ့လွှတ်တော်ဖွဲ့ပြီ။

သူတို့ ဘာလုပ်လဲဆိုတော့ (ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ)CRPP ကို၁၉၉၈ စက်တင်ဘာလ ၁၆ရက်နေ့မှာ ဖွဲ့ခဲ့တယ်။ အခုနှစ်ဆို (နောက်ထပ် တစ်ကြိမ်) လမ်းအိုအတိုင်းဖွဲ့ထားခြင်းပါပဲ။

သမိုင်းမှာ ဘာဆက်ဖြစ်လဲဆိုတော့ တည်ဆဲအစိုးရ နှင့် ဆက်ဆံရေး ပိုမိုတင်းမာသွားစေခဲ့တယ်။

ဒီလိုနဲ့ ၂၀၀၀-၂၀၀၁-၂၀၀၂ ခင်ဗျားတို့ပြောနေကြတဲ့ အမှောင်ကမ္ဘာမှာ နှစ်ဖက်အဖွဲ့အစည်းကြား ဆက်ဆံရေးတွေ အမြင့်ဆုံး တင်းမာမှုတွေ ဖြစ်ခဲ့တယ်။ 

#UN လာပြီ။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးကိုယ်စားလှယ် ရာဇာလီ အစ္စမေးလ်ကို အမေဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ခွင့်ပေးပြီး ဝင်ရောက်ဖျန်ဖြေရန် ကြိုးစားခဲ့တယ်။

၂၀၀၁ခုနှစ် နိုဝင်ဘာလ ၅ရက်နေ့မှ ၂၀၀၂ ခုနှစ်ကုန်အထိကုလသမဂ္ဂ ကိုယ်စားလှယ် ကိုးကြိမ်တိုင် တိုင်လာရောက်ခဲ့ဖူးတယ်။

အခုလည်း ကိုဗစ်ကာလ ဖြစ်လို့ Video conferencing မျိုးနှင့်တွေ့ဆုံပြီးသွားပြီ။ နောက် ဘယ်လို ပုံမျိုးနှင့် ညှိနှိုင်း မလဲ စောင့်ကြည့်ရန်လိုပါတယ်။

ဒီကြားတည်းမှာ ဆက်လက်ပြီး တင်းမာ မှုတွေ ရှိခဲ့တယ်ဗျ။ နောက်ဆုံးနှစ်နာတော့ ကိုယ်တွေ မျိုးဆက်သစ်တွေ အလုပ်ပျက်ကျောင်းပျက်နှင့် ဆက်သွားရတာခင်ဗျားတို့ ကျွန်တော်တို့အသိဆုံးပါပဲ။

ဆယ်ကျော်သက်တွေ အတွက်ပြောချင်ပါတယ်။

"A Little Knowledge is A dangerous" ဒါကြောင့် စာဖတ်ပါ။ အဖေက ပြောတဲ့သမိုင်း၊ ကမ္ဘာ အဖွဲ့အစည်းကရေးသားခဲ့တဲ့သမိုင်း၊ ခင်ဗျားတို့ မလိုလားတဲ့သူရေးသားခဲ့တဲ့ ကိုယ်တိုင်ရေး စာအုပ်၊ များ စသည့် တို့ကိုဖတ်ရှူလေ့လာစေချင်တယ်။ 


ဟုတ်ပြီဗျာ။အင်တာနက်ရတုန်းလေ စာပြင်ပါရစေ...


#ကြေကွဲဝမ်းနည်းဖွဲ အဖြစ်အပျက်

၂၀၀၃မေလ၃၀ရက်နေ့မှာ #ဒီပဲယင်းအဖြစ်အပျက် ဖြစ်ပွားသည့်အခြေအနေသို့ ဆိုက်ရောက်သွားခဲ့ကြတယ်။ အဲဒီမှာ ဘယ်သူတွေ ကယ်တင်ခဲ့သလဲ နဲ့ ခင်ဗျားတို့ ပဲ အဲဒီစာရေးဆရာ ကြီးကို လွန်ခဲ့တဲ့ နှစ် နှစ်ကျော်လောက်က ဝိုင်းထော်ပနာပြုပေးခဲ့ကြတယ်။ (အကိုအမများ မေးကြည့်ရန်)


#လမ်းပြမြေပုံ (၇)ဆင့်ပါဝင်လာပါတယ်(နောက်တွင်  ဗဟုသုတရစေရန် တင်ဆက်ပေးမည်)

-အခုအခါ၂၀၂၁ မှာတော့ နောက်ထပ် အသစ်မြေပုံ အဆင့်တွေမပါဝင်လာစေရန် သတိချပ်စေလိုပါတယ်။

အမျိုးသားညီလာခံကျင်းပပြီ။

၂၀၀၄မေလ၁၇ရက်နေ့မှာ ခုနစ်နှစ်ကျော် ရပ်ဆိုင်းထားသည့် အမျိုးသားညီလာခံ ကိုမြေပုံ၏ခေါင်းစဉ်အောက်တွင်ပြန်လည်ကျင်းပခဲ့တယ်။

-ဒီတစ်ကြိမ် ၂၀၂၁မြေပုံအသစ် မပေါ်ထွန်းလာလျှင် ညီလာခံ ဖြစ်ဖို့ အကြောင်းမဖန်လာနိုင်ပါဘူး။

(နောက်အသေးစိတ်ပြောကြတာပေါ့)

​အချုပ်ဆိုရသော် အဲမှာ အချက်နှစ် ခုတည်းက တစခုရှိလာနိုင်တယ်။ 

(၁) သမိုင်း တည်းကလိုပဲ စာအုပ်အသစ် အရာရာအသစ် ဖြစ်လာနိုင်မယ်။ (ဒီလို ဆိုခင်ဗျားတို့လိုချင်တဲ့ ဆန္ဒ တစ်မျိုးမျိုး တဖုံဖုံ ဖြစ်လာတယ်လို့ဆိုရမယ်။ ဒါပေမယ့် ခင်ဗျားတို့ ကျွန်တော် တို့ထောက်ခံမည့် ကိုယ်စားလှယ်တွေ ကို ခင်ဗျားတို့ ကိုယ်တိုင် ကိုင်တွဲနိုင်ပုံနဲ့ ကိုယ်စားလှယ်ရဲ့ လိမ္မာပါးနပ်ပြီး အမျှော်အမြင်ကြီးမှုက စကားပြောလာလိမ့်မယ်)

(၂) ဒီ အတိုင်း ပဲ အတိုင်းပဲ ဆိုသလို နေရာဟောင်း စာအုပ်ဟောင်းဆိုရင် လည်း )ခင်ဗျားတို့ လက်သန်း အစွမ်းပြလို့ရပါတယ်။

အဲ ဒီအကြိမ်တော့ လူကို ကြည့်စေချင်တယ်ဗျာ...မှုတွေ အယူတွေ က အလုပ် သိပ်မဖြစ်တာ ခင်ဗျားတို့ ကျွန်တော် တို့ အသိပဲဗျာ...

တကယ်လို့များ မပြောကောင်းမဆိုကောင်း...

အဲတာကြီးတာ သက်ဆိုးရှည်နေရင်တော့

ဖွဟဲ့လွဲပါစေ ပယ်ပါစေ..

I love #democracy

I support #Good guys

I love u all

ဉာဏ်လင်းထက်မှ ခံစား၍ ကိုးကားရေးခဲ့သည်။

www.nyanlinhtet.name

2021/Feb/08

23:34တွင်ရေး၏။

ဓာတ်ပုံကိုယ်တိုင်ရိုက်၏။

Comments

Popular posts from this blog

Pyidaungsu Keyboard Layout

 

"မုတမပါ၊ လင်္ကာမချော"

 မုတမပါ လင်္ကာ မချော "မုသားမပါ လင်္ကာမချော" မဟုတ်ပါ၊ "မုတ မပါ လင်္ကာ မချော" ဖြစ်ပါသည်၊ ပဥ္စသီလတွင် မုသာဝါဒသိက္ခာပုဒ်သည် ချိုးဖျက်ခြင်းငှာလွယ်သော သိက္ခာပုဒ်ဖြစ်သည်။ ဘုရားအလောင်းတော်သည် ပါရမီဖြည့်ကာလ တစ်လျှောက် ထိန်းခဲ့၊ စောင့်ရှောက်ခဲ့သည်။ (ဖြည့်စွက်- သစ္စာဟောကြားရမည့်သူဖြစ်သောကြောင့်) ဒီကနေ့ မြန်မာ စကားတွင် စကားလုံးတစ်စု နာမည်ကြီးသည်၊ ထိုစကားမှာ "မုသား မပါ လင်္ကာမချော" ဖြစ်သည်၊ လိမ်ပြောရန် တိုက်တွန်းသော စကားဖြစ်သည်။ ပဥ္စသီလကို ဖောက်ဖျက်ရန် စိန်ခေါ်သော စကားဖြစ်သည်။ အမှန်မှာ၊ "မုသားမပါ လင်္ကာ မချော" မဟုတ်ပဲ၊ "မုတမပါ လင်္ကာမချော" ဖြစ်သည်။ လူတိုင်း အာရုံခြောက်ပါးရှိသည်။ ၁) မြင်ခြင်းကို "ဒိဋ္ဌ" ခေါ်သည် ၂)ကြားခြင်းကို "သုတ" ခေါ်သည် ၃) ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့၊သိရှိခြင်းကို "မုတ" ဆိုသည် မြင်ကာမျှဖြင့် စာဖွဲ့ပါလျှင် လင်္ကာ မညက်ညောနိုင်ပါ၊ ကြားရုံသက်သက်ဖြင့် စာစီပါက လင်္ကာ မညက်ညောနိုင်ပါ အမြင်၊ အကြားတို့သာမက ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့ သိရှိပြီးမှ ရေးသားလျှင် (သို့) ပြောဆိုလျှင် စကားညက်ညောသည်၊ လင်္ကာမြေ...

စလင်း (Crystal or Quartz)

စလင်း (Crystal or Quartz)        ထိုစလင်းကျောက်မျိုးမှာ အဖြူရောင်ရှိသော စလင်း နှင့် အခြားစလင်း အမျိုးမျိုး ရှိလေသည်။ ယင်းတို့မှာ စလင်းညို (Smoky Quartz)၊ စလင်းစိမ်း (Aquamarine)၊ စလင်းဝါ (Citrine)၊ စလင်းစွဲ (Amethst) မရန်းစေ့ရောင် ရှိသည်။ စလင်းနီ (Rose Quartz) စသည့်ဖြင့် အရောင်မျိုးစုံ ရှိသည်။ စလင်းအဖြူနှင့် အညိုကို မျက်မှန် အတွက် အသုံးပြုကြသည်။ စခန်းကြီးမှထွက်သော စလင်းတုံးကြီးများမှာ လူနှစ်ရပ်စာခန့် မြင့်မား၍ ရှန်ဟဲ မှ တရုတ်များပင် လာရောက် ဝယ်ယူပြီး အလှအပထားရန် ပန်းကန် ခွက်ယောက်များ ပြုလုပ်ကြလေသည်။ စလင်းစိမ်း (Aquamarine) စလင်းညို (Smoky Quartz) စလင်းနီ (Rose Quartz) စလင်းစွဲ (Amethst) မရန်းစေ့ရောင် စလင်းဝါ (Citrine)