Skip to main content

တခါတည်း တွန်းလှန်ပါ...

တခါတည်း တွန်းလှန်ပါ...
ကျွန်တော် တို့ အမျိုးသားရေး အန္တာရာယ် ဟာ နဂိုကတည်းက ရှိနေပါတယ်။
သင် ဘာလို့ ထင်ပါသလဲ... အခု သင်facebook သုံးနေရင်တောင် အနံတစ်ခုရလာပါလိမ့်မယ်...
ဟုတ်ပါတယ်...
ဆေးလိပ်ငွေ့ပါ။
ဒါဟာ ကျွန်တော်တို့ရဲ့ ဘုံရန်သူပါ။
ကျွန်တော် တို့ဟာ တကယ် ကြည့်တက်မယ်ဆိုင်ရင် ကိုဗစ်ကြီးမှ မဟုတ်ပါဘူး...
ဆေးလိပ်ငွေ့တွေ၊ ကွမ်းတံတွေးတွေ၊ ကားလမ်းမ ပေါ်က တာဇံတွေ အကြောင်း နှင့် အများဆိုင်နေရာက
ဘူဇွာ ကိစ္စတွေ အများကြီးပါပဲ... ပြောအုံးမယ် (ဟိုဥပဒေကြောင့် ဒီဥပဒေကြောင့်) ဆိုပြီ၊
လိုရင်ပြောရရင်တော့... ကျွန်တော်တို့ ကိုဗစ်ကြီးနဲ့ အတူ အခါတည်း တွန်းလှန်လို့ရတာတွေရှိပါတယ်...
ကိုယ်ကို မညာပါနဲ့... ခင်ဗျား လုပ်နိုင်မှာပါ...
Mask တပ်ကြပါ နဲ့ အော်နေတဲ့ ခင်ဗျား လက် ကြားတည်းက ဆေးလိပ်တိုကြီးကို လွှင့်ပစ်လိုက်စမ်းဘာ....
ကလေးတစ်ယောက်၊ မိခင်တစ်ယောက် (သို့) ဆေးလိပ် မသောက် တဲ့သူတစ်ယောက် ခင်ဗျား အနားလာပြီးဆို
ခင်ဗျား mask တပ်ပါ။ လက်ဆေးပါ ကို နားထဲ ဆွဲနေသလို... ခင်ဗျား ဆေးလိပ်ငွေ့ကို သတိချပ်စေလိုပါတယ်.
ခင်ဗျားတို့ အနောက်နိုင်ငံတွေလိုမျိုး တိုးတက်ချင်တယ်ဆိုရင်၊ ခင်ဗျား စစ်အာဏာရှင် တွေကို မုန်းတယ်ဆိုရင်၊
ကျွန်တော်တို့ရဲ့ အမိနိုင်ငံတော် ကြီးကိုချစ်တယ်ဆိုရင်၊ နောက်ဆုံး ၂၀၀၈ စာအုပ်ကြီးကို လုံးဝ နာကြည်းနေတယ် ဆိုရင် ခင်ဗျား ကိုဗစ် နဲ့အတူ ခင်ဗျား ရဲ့ မဆင်မကြဉ် သောက်တက်တဲ့ ဆေးလိပ်ကို ကိုဗစ်ကြီး နဲ့အတူ တွန်းလှန် လိုက်စမ်းပါ။
ကိုဗစ်ဆိုတာ ချောင်းဆိုးရင် ကူးနိုင်သလို ခင်ဗျား mask တပ် လက်ဆေးပြီး မဆင်မခြင်မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့ တွေက လည်း ကျွန်တော် တို့ အဆုတ်တွေ အသက်ရှူလမ်းကြောင်းတွေကို ထိခိုက်နေတယ်ဆိုတာ...
ခင်ဗျား တို့ကျွန်တော်တို့ သိရဲ့သားနဲ့ မမိုက်ကြပါနဲ့...
2020/Sep/12
www.nyanlinhtet.name

Comments

Popular posts from this blog

ဘယ်တော့မှ မမေ့ဘူး Lyrics။ Kyaw Hein

  ကျွန်တော် လက်ရှိ တီးခက်နေတဲ့ သီချင်းပါ။ စိတ်အပန်းပြေပါတယ်။ ကြုံကြိုက်သည့်အခါ အတူ တွဲဖက်တီးခက်ဖို့ ဖိတ်ခေါ်ပါတယ်။  

"မုတမပါ၊ လင်္ကာမချော"

 မုတမပါ လင်္ကာ မချော "မုသားမပါ လင်္ကာမချော" မဟုတ်ပါ၊ "မုတ မပါ လင်္ကာ မချော" ဖြစ်ပါသည်၊ ပဥ္စသီလတွင် မုသာဝါဒသိက္ခာပုဒ်သည် ချိုးဖျက်ခြင်းငှာလွယ်သော သိက္ခာပုဒ်ဖြစ်သည်။ ဘုရားအလောင်းတော်သည် ပါရမီဖြည့်ကာလ တစ်လျှောက် ထိန်းခဲ့၊ စောင့်ရှောက်ခဲ့သည်။ (ဖြည့်စွက်- သစ္စာဟောကြားရမည့်သူဖြစ်သောကြောင့်) ဒီကနေ့ မြန်မာ စကားတွင် စကားလုံးတစ်စု နာမည်ကြီးသည်၊ ထိုစကားမှာ "မုသား မပါ လင်္ကာမချော" ဖြစ်သည်၊ လိမ်ပြောရန် တိုက်တွန်းသော စကားဖြစ်သည်။ ပဥ္စသီလကို ဖောက်ဖျက်ရန် စိန်ခေါ်သော စကားဖြစ်သည်။ အမှန်မှာ၊ "မုသားမပါ လင်္ကာ မချော" မဟုတ်ပဲ၊ "မုတမပါ လင်္ကာမချော" ဖြစ်သည်။ လူတိုင်း အာရုံခြောက်ပါးရှိသည်။ ၁) မြင်ခြင်းကို "ဒိဋ္ဌ" ခေါ်သည် ၂)ကြားခြင်းကို "သုတ" ခေါ်သည် ၃) ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့၊သိရှိခြင်းကို "မုတ" ဆိုသည် မြင်ကာမျှဖြင့် စာဖွဲ့ပါလျှင် လင်္ကာ မညက်ညောနိုင်ပါ၊ ကြားရုံသက်သက်ဖြင့် စာစီပါက လင်္ကာ မညက်ညောနိုင်ပါ အမြင်၊ အကြားတို့သာမက ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့ သိရှိပြီးမှ ရေးသားလျှင် (သို့) ပြောဆိုလျှင် စကားညက်ညောသည်၊ လင်္ကာမြေ...

အပြောင်းအလဲ ကောင်းတွေဖြစ်ဖို့ လိုနေပါပြီ။

  See more @ Theory U (a very very short note) Dec 4, 2024