Skip to main content

Teaching Completion for Practical Server Virtualization Course (Batch-7) @ MCPA Lab




Today i have shared my tech experiences to our Computer Pro Guys!
More explore at www.nyanlinhtet.name
Unicode
ဒီနေ. လက်တွေ. သင်တန်း တစ်ခုပြီးဆုံးသွားပါပြီ။ လာရောက် လေ့လာ သင်ကြားသူ (၈) ရောက် ကို တက်နိုင်သ၍ ပညာဝေမျှ ပေးပြီးပါပြီ။ နောက်နောင် အချိန် ရကြုံကြိုက်ခဲ့ လျှင် ပညာရှင် အသင်းမှာ ဝင်ရောက်အားဖြည့်ပါအုံးမည်..
အဖက်ဖက်မှ ကူညီ ပေးပါသော ရန်ကုန်တိုင်း ကွန်ပျူတာပညာရှင်း အသင်း ဥက္ကဌ နှင့်တကွ အလုပ်အမူဆောင်များ၊ အသင်း၏ ရုံးအဖွဲ. ဝိုင်းတော်သားများကို ကျေးဇူးတင် မှတ်တမ်း တင်ပါတယ်...
ပုံမှန် “Server Virtualization” လက်တွေ. ကိုင်တွယ်ခြင်း နှင့် လေ့လာခြင်းများသည့် အသင်း၏ ပြင်ပ မှာ ဆိုလျှင် အထက်ပါ လက်တွေ. လေ့ကျင့်ခန်းမျိုး ပြုလုပ်လေ့လာလျှင် တစ်ဉီး၏ သင်ကြားရေးကုန်ကျစရိတ် (၅) သိန်းနှင့် အထက်တွင် ရှိပြီး အချိန်တိုတောင်းခြင်း၊ ဘာသာစကား အခက်ခဲများ ရှိခြင်းနမျိုးဖြစ်နိုင်ပါသည်။ သင်ကြားသည့် ဆရာ၏ လုပ်ငန်းခွင်အတွေ.အကြုံ များ ကိုလည်းထည့်သွင်းပြောကြားခဲ့ပါတယ်။ ထိုအပြင် လာရောက်ကြာပါကုန်သော ပညာရှင် အပေါင်း ၏ အတွေ.အကြုံများကို လည်း မှတ်တမ်းတင်၍ အချင်းချင်း အပြန်အလှန်ဆွေးနွေးခြင်း စသည့် လှုပ်ရှားမှုများ ဖန်တီး ပေးနိုင်ခဲ့ပါတယ်...
ကျွန်တော် တို.ပညာရှင် အသင်းအနေနဲ. အမြတ် စွန်းမဖက် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်များအား ပညာရပ်ပြန်.ပွားရေးကို အားသွန်းခွန်ဆိုက် ဆောင်ရွက်နေပါသည်။ အခကြေးငွေ မပေးရသော ပညာရပ်ဆိုင်လေ့ကျင့်မှုများလည်းရှိသလို၊ သင်ကြားပြသပေးပါသော ဆရာ/ဆရာများ၊ အသင်း၏ အထွေထွေအသုံးစရိတ်များအတွက် နှုန်းမများသော ဉာဏ်ပူဇော်ခများ သတ်မှတ် ၍ ကောက်ယူ သင်ကြားရပါသည့်ကို လည်းနားလည်ပေးစေလိုပါတယ်....
သင်ကြားရေး နှင့်ပတ်သက်၍ မည်သည့် အခက်ခဲမဆို ကျော်လွှားကာ ဆက်လက် ရှေ.တိုး ပို၍ ဆောင်ရွက်မည်သာဖြစ်ပါသည်ခင်ဗျာ...

Comments

Popular posts from this blog

"မုတမပါ၊ လင်္ကာမချော"

 မုတမပါ လင်္ကာ မချော "မုသားမပါ လင်္ကာမချော" မဟုတ်ပါ၊ "မုတ မပါ လင်္ကာ မချော" ဖြစ်ပါသည်၊ ပဥ္စသီလတွင် မုသာဝါဒသိက္ခာပုဒ်သည် ချိုးဖျက်ခြင်းငှာလွယ်သော သိက္ခာပုဒ်ဖြစ်သည်။ ဘုရားအလောင်းတော်သည် ပါရမီဖြည့်ကာလ တစ်လျှောက် ထိန်းခဲ့၊ စောင့်ရှောက်ခဲ့သည်။ (ဖြည့်စွက်- သစ္စာဟောကြားရမည့်သူဖြစ်သောကြောင့်) ဒီကနေ့ မြန်မာ စကားတွင် စကားလုံးတစ်စု နာမည်ကြီးသည်၊ ထိုစကားမှာ "မုသား မပါ လင်္ကာမချော" ဖြစ်သည်၊ လိမ်ပြောရန် တိုက်တွန်းသော စကားဖြစ်သည်။ ပဥ္စသီလကို ဖောက်ဖျက်ရန် စိန်ခေါ်သော စကားဖြစ်သည်။ အမှန်မှာ၊ "မုသားမပါ လင်္ကာ မချော" မဟုတ်ပဲ၊ "မုတမပါ လင်္ကာမချော" ဖြစ်သည်။ လူတိုင်း အာရုံခြောက်ပါးရှိသည်။ ၁) မြင်ခြင်းကို "ဒိဋ္ဌ" ခေါ်သည် ၂)ကြားခြင်းကို "သုတ" ခေါ်သည် ၃) ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့၊သိရှိခြင်းကို "မုတ" ဆိုသည် မြင်ကာမျှဖြင့် စာဖွဲ့ပါလျှင် လင်္ကာ မညက်ညောနိုင်ပါ၊ ကြားရုံသက်သက်ဖြင့် စာစီပါက လင်္ကာ မညက်ညောနိုင်ပါ အမြင်၊ အကြားတို့သာမက ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့ သိရှိပြီးမှ ရေးသားလျှင် (သို့) ပြောဆိုလျှင် စကားညက်ညောသည်၊ လင်္ကာမြေ...

ဘယ်တော့မှ မမေ့ဘူး Lyrics။ Kyaw Hein

  ကျွန်တော် လက်ရှိ တီးခက်နေတဲ့ သီချင်းပါ။ စိတ်အပန်းပြေပါတယ်။ ကြုံကြိုက်သည့်အခါ အတူ တွဲဖက်တီးခက်ဖို့ ဖိတ်ခေါ်ပါတယ်။  

အပြောင်းအလဲ ကောင်းတွေဖြစ်ဖို့ လိုနေပါပြီ။

  See more @ Theory U (a very very short note) Dec 4, 2024