Skip to main content

Mobile ICT Learning Program Opening Ceremony

Today Sunday, Mobile ICT Learning Program Opening Ceremony
ရန္ကုန္တိုင္းေဒသႀကီးကြန္ပ်ဴတာပညာရွင္အသင္းႏွင့္ ရန္ကုန္တိုင္းေဒသႀကီးကြန္ပ်ဴတာလုပ္ငန္းရွင္အသင္းတို႔ ပူးေပါင္းေဆာင္ရြက္သည့္ ေရြ႕လ်ား ICT ေလ့လာသင္ယူေရးစင္တာ (ဒုတိယအႀကိမ္ စတင္ထြက္ခြာျခင္း) အခမ္းအနားဖြင့္ပြဲကို ယေန႔ ၂၀၁၇ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ရက္၊ ေန႔လည္ ၂နာရီတြင္ ရန္ကုန္ၿမိဳ႕၊ လွိုင္ၿမိဳ႕နယ္၊ MICT Park, Conference Hall တြင္ က်င္းပျပဳလုပ္ခဲ့ပါသည္။ ဖြင့္ပြဲအခမ္းအနားကို ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္းႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္၊ ျမန္မာနိုင္ငံကြန္ပ်ဴတာအသင္းမွ အလုပ္အမွုေဆာင္မ်ားႏွင့္ အျခားအသင္းအဖြဲ႕မ်ားမွ တာဝန္ရွိသူပုဂၢိဳလ္မ်ား၊ ေက်ာင္းသား/သူမ်ားမွ တက္ေရာက္ခဲ့ၾကပါသည္။ ထို႔အျပင္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္း၊ ျမန္မာနိုင္ငံကြန္ပ်ဴတာအသင္းခ်ဳပ္ ဒုတိယဥကၠ႒ ေဒၚသန္းသန္းတင့္၊ ကြန္ပ်ဴတာေဆာ့ဝဲလ္ဌာနမွူး (ၿငိမ္း) ဦးျမင့္ေဆြ၊ ရန္ကုန္တိုင္းေဒသႀကီးကြန္ပ်ဴတာပညာရွင္အသင္း ဥကၠ႒ ဦးေအာင္စိုးမိုး ႏွင့္ ရန္ကုန္တိုင္းေဒသႀကီးကြန္ပ်ဴတာလုပ္ငန္းရွင္အသင္း ဥကၠ႒ ဦးမ်ိဳးမင္းဦးတို႔မွ အခမ္းအနားကို ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးခဲ့ပါသည္။

Unicode
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် ရွေ့လျား ICT လေ့လာသင်ယူရေးစင်တာ (ဒုတိယအကြိမ် စတင်ထွက်ခွာခြင်း) အခမ်းအနားဖွင့်ပွဲကို ယနေ့ ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်၊ နေ့လည် ၂နာရီတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park, Conference Hall တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းမှ အလုပ်အမှုဆောင်များနှင့် အခြားအသင်းအဖွဲ့များမှ တာဝန်ရှိသူပုဂ္ဂိုလ်များ၊ ကျောင်းသား/သူများမှ တက်ရောက်ခဲ့ကြပါသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းတင့်၊ ကွန်ပျူတာဆော့ဝဲလ်ဌာနမှူး (ငြိမ်း) ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးအောင်စိုးမိုး နှင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမျိုးမင်းဦးတို့မှ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
News Source: MCPA-Yangon.

Comments

Popular posts from this blog

"မုတမပါ၊ လင်္ကာမချော"

 မုတမပါ လင်္ကာ မချော "မုသားမပါ လင်္ကာမချော" မဟုတ်ပါ၊ "မုတ မပါ လင်္ကာ မချော" ဖြစ်ပါသည်၊ ပဥ္စသီလတွင် မုသာဝါဒသိက္ခာပုဒ်သည် ချိုးဖျက်ခြင်းငှာလွယ်သော သိက္ခာပုဒ်ဖြစ်သည်။ ဘုရားအလောင်းတော်သည် ပါရမီဖြည့်ကာလ တစ်လျှောက် ထိန်းခဲ့၊ စောင့်ရှောက်ခဲ့သည်။ (ဖြည့်စွက်- သစ္စာဟောကြားရမည့်သူဖြစ်သောကြောင့်) ဒီကနေ့ မြန်မာ စကားတွင် စကားလုံးတစ်စု နာမည်ကြီးသည်၊ ထိုစကားမှာ "မုသား မပါ လင်္ကာမချော" ဖြစ်သည်၊ လိမ်ပြောရန် တိုက်တွန်းသော စကားဖြစ်သည်။ ပဥ္စသီလကို ဖောက်ဖျက်ရန် စိန်ခေါ်သော စကားဖြစ်သည်။ အမှန်မှာ၊ "မုသားမပါ လင်္ကာ မချော" မဟုတ်ပဲ၊ "မုတမပါ လင်္ကာမချော" ဖြစ်သည်။ လူတိုင်း အာရုံခြောက်ပါးရှိသည်။ ၁) မြင်ခြင်းကို "ဒိဋ္ဌ" ခေါ်သည် ၂)ကြားခြင်းကို "သုတ" ခေါ်သည် ၃) ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့၊သိရှိခြင်းကို "မုတ" ဆိုသည် မြင်ကာမျှဖြင့် စာဖွဲ့ပါလျှင် လင်္ကာ မညက်ညောနိုင်ပါ၊ ကြားရုံသက်သက်ဖြင့် စာစီပါက လင်္ကာ မညက်ညောနိုင်ပါ အမြင်၊ အကြားတို့သာမက ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့ သိရှိပြီးမှ ရေးသားလျှင် (သို့) ပြောဆိုလျှင် စကားညက်ညောသည်၊ လင်္ကာမြေ...

ဘယ်တော့မှ မမေ့ဘူး Lyrics။ Kyaw Hein

  ကျွန်တော် လက်ရှိ တီးခက်နေတဲ့ သီချင်းပါ။ စိတ်အပန်းပြေပါတယ်။ ကြုံကြိုက်သည့်အခါ အတူ တွဲဖက်တီးခက်ဖို့ ဖိတ်ခေါ်ပါတယ်။  

အပြောင်းအလဲ ကောင်းတွေဖြစ်ဖို့ လိုနေပါပြီ။

  See more @ Theory U (a very very short note) Dec 4, 2024