သဗ္ဗေသတ္တာစတဲ့ မေတ္တာပို့ ဗြဟ္မဝိဟာရ ပွားများနည်းကို အနက်အဓိပ္ပာယ်မသိဘဲ ရွတ်နေလို့ မေတ္တာပို့ရာ ရောက်ပါ့မလား။
မေး ။ ။ သဗ္ဗေသတ္တာစတဲ့ မေတ္တာပို့ ဗြဟ္မဝိဟာရ ပွားများနည်းကို အနက်အဓိပ္ပာယ်မသိဘဲ ရွတ်နေလို့ မေတ္တာပို့ရာ ရောက်ပါ့မလား။ ဖြေ ။ ။ အနက်အဓိပ္ပာယ်မသိဘဲ ပါဠိကို လျှောက်ရွတ်နေလို့ မေတ္တာပို့ရာ မရောက်ပါဘူး။ ပရိတ်ကိုရွတ်လို့ အန္တရာယ်ကင်းပေမယ့် မေတ္တာကိုရွတ်လို့ မရပါဘူး၊ မသိဘဲ ရွတ်နေလို့ မေတ္တာပို့ရာ မရောက်ပါဘူး။ ပရိတ်တော်ကတော့ မသိဘဲရွတ်ပေမယ့် ဘုရားဂုဏ်တော်တွေကို ရွတ်ဖတ်နေတာဖြစ်လို့ အဲဒီပရိတ်ကို ကြားနာလိုတဲ့ နတ်ဗြဟ္မာတွေက ကြားနာနိုင်တဲ့အတွက် မိမိက မသိပေမယ့် ဓမ္မဒေသနာကုသိုလ်တော့ ရနိုင်ပါတယ်။ အဲဒီကုသိုလ်ကြောင့် အန္တရာယ် ကင်းနိုင်ပါတယ်။ ဒီ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မဝိဟာရ တရားတွေက စိတ်တည်ငြိမ်အောင် သမာဓိရအောင် ပွားများရတဲ့ ဘာဝနာကမ္မဋ္ဌာန်းတွေ ဖြစ်ပါတယ်။ ချစ်မြတ်နိုးတဲ့ သတ္တဝါတွေ အကျိုးကို တကယ်မလိုလားဘဲ၊ ဒုက္ခိတ သတ္တဝါတွေကို တကယ်မသနားဘဲ၊ သုခိတသတ္တဝါတွေကို တကယ်မဝမ်းမြောက်ဘဲ သတ္တဝါတွေဟာ ကမ္မသကာ ကံတရားစီမံရာပဲလို့ တကယ်စိတ်က မရောက်ဘဲ သဗ္ဗေသတ္တာ၊ သဗ္ဗေပါဏာတွေကို အရကျက်ပြီး လျှောက်ရွတ်နေလို့တော့ မေတ္တာပို့ရာ မရောက်ပဘူး။ ဒါကြောင့် ပါဠိကို ခက်လို့ အနက်မထင်တဲ့ ပါဠိမတတ်တဲ့ လူတွေဟာ ရှေးငါးရာ...