နီတိ (၃)မျိုး တစ်ခါတစ်ရံမှာ ပြဋ္ဌာန်းထုတ်ပြန်သည့် ဥပဒေ ၌လည်းကောင်း၊လက်စွဲများ၌ လည်းကောင်း၊ ဖော်ပြချက်များ နှင့် တိုက်ရိုက် အံမဝင်နိုင်သော အဖြစ်အပျက် ဖြစ်ပွားမှုများ ဖြစ်ပေါ် တတ်ပါသည်။ သို့မဟုတ် အဆုံးအဖြတ်အား ပိုမို အာနိသင် ထက်မြက်စေနိုင်သည့် သဘာဝကျစေသည့် အကိုးအကားများ လိုအပ်လာသည်များ ရှိလာတတ်ပါသည်။ ထိုအခါမျိုးတွင် ကိုးကားလေ့ရှိသော နီတိ စကားများရှိပါသည်။ တချို့က ယင်းတို့ကို ဆိုရိုးစကား ဟုလည်း သုံးနှုန်း ကြပါသည်။ အုပ်ချုပ်ရေး နီတိများ၊ တရားစီရင်ရေး နီတိများ ဟုဆိုကြပါသည်။ အောက်ဖော်ပြပါ နီတိ (၃)မျိုးသည် မြန်မာ့အစဉ်အလာ စနစ်များ ဖြစ်သည်။ ၁။ ဓမ္မနီတိ (ဘုရားဟောကျမ်း) ၂။ လောကနီတိ (လူတို့သုံးစွဲရာသောကျမ်း) ၃။ ရာဇနီတိ(မင်းတို့ သုံးစွဲရာသောကျမ်း) မိမိ ဖတ်ရှုမိသည့်များကို ပြန်လည်မျှဝေပါသည်။ ၂၀၂၁ ဇူလိုင် ၁၈ www.nyanlinhtet.name
Policy Scientist | Leading Innovation at the Intersection of Risk, Governance & Technology