ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းနှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် တို့ ပူးပေါင်း၍ ယနေ့ ၂၀၂၀ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် MCPA Day အခမ်းအနားကို နံနက် (၉:၃၀) နာရီမှ စတင်၍ နေ့လယ် (၂:၃၀) နာရီ အထိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် နဝမအကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကျောင်းသူ၊ ကျောင်းသားများအတွက် ဗဟုသုတရပြီး အကျိုးရှိစေနိုင်မည့် Panel Discussion များနှင့် Workshop များလည်း ပါဝင်ပြုလုပ်ခဲ့ပြီး MCPA Day ၏ Career Fair တွင် Being (Myanmar) Co., Ltd, CNSA Myanmar Co., Ltd, Global Technology Group, KMD, Myanmar DCR Co., Ltd, Myanmar Information Technology Pte Ltd, NTT Data Myanmar Co., Ltd, STI Myanmar University, Talent Nest Co., Ltd, Yangon Japanese Language School စုစုပေါင်း ကုမ္ပဏီ (၁၀) ခု တို့မှ ပါဝင်ပူးပေါင်းခဲ့ပါသည်။ ထို့အပြင် Contribution Partner အဖြစ် Yathar Cho Industry Ltd (Yum Yum) က ကူညီပံ့ပိုးပေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ #MCPADAY2020 #MCPAYGN
Policy Scientist | Technology is more than innovation—it is responsibility. This blog explores cybersecurity, digital transformation, leadership, law, and ethical business practices, with the goal of inspiring professionals to create secure systems, trusted organizations, and sustainable businesses.