Skip to main content

Posts

Showing posts from February, 2026

လူ့အခွင့်အရေး ဖောက်ဖျက်ခြင်းခံရပါက တိုင်ကြားနိုင်

 လူ့အခွင့်အရေး ဖောက်ဖျက်ခြင်းခံရပါက တိုင်ကြားနိုင် ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ လူ့အခွင့်အရေး ဖောက်ဖျက်ခြင်းခံရပါက တိုင်ကြားနိုင်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ထားသည်။ နိုင်ငံသားတစ်ဦးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် ဥပဒေပါ အခွင့်အရေးများ၊ နိုင်ငံတော်က လက်ခံထားသည့် လူ့အခွင့်အရေးနှင့်သက်ဆိုင်သော အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ သဘောတူစာချုပ်များတွင်ပါရှိသည့် လူ့အခွင့်အရေးများကို ဖောက်ဖျက်ခြင်းခံရပါက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပုဒ်မ ၃၀ အရ ကိုယ်တိုင်အတွက်သော် လည်းကောင်း၊ အခြားသူတစ်ဦးအတွက်သော် လည်းကောင်း၊ လူတစ်စုကို ကိုယ်စားပြု၍သော် လည်းကောင်း ကော်မရှင်သို့ တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။ တိုင်ကြားမှုကို ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အမှတ်(၂၇)၊ ၆ မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့လည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်(ရုံးခွဲ) နေပြည်တော်၊ မန္တလေး၊ စစ်တွေ၊ ပုသိမ်မြို့တို့သို့လည်းကောင်း လိပ်မူ၍ စာတိုက်မှ ဖြစ်စေ၊ သက်ဆိုင်ရာကော်မရှင်ရုံးသို့ လူကိုယ...

ကွယ်လွန်သွားသည့်ပိုင်ရှင်၏ အိမ် နှင့် မြေ သို့မဟုတ် မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း

📌ကွယ်လွန်သွားသည့်ပိုင်ရှင်၏ အိမ် နှင့် မြေ သို့မဟုတ် မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း📌 ကွယ်လွန်သူ၏ အိမ်၊ မြေကို အမွေဆိုင်များ ရောင်းချ/ငှားရမ်းလိုပါက (၁) အမွေဆက်ခံကြောင်း တရားရုံးမှ အမွေထိန်း/အမွေဆက်ခံကြောင်း စီရင်ချက် (Succession Certificate) ကို ဦးစွာလျှောက်ထားရယူပါ။ (၂) အမွေဆိုင်အားလုံး၏ သဘောတူညီချက်ရယူ၍ ကိုယ်စားလှယ်လွှဲစာ (GPA) ပြုလုပ်ပါ။ (၃) အမွေဆိုင်များအားလုံး (သို့မဟုတ်) တရားဝင်ကိုယ်စားလှယ်က လက်မှတ်ရေးထိုးပြီး၊ အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရောင်းချခြင်း (သို့) ငှားရမ်းခြင်း စာချုပ်ချုပ်ဆိုခြင်းဖြင့် စနစ်တကျဆောင်ရွက်နိုင်သည်။ လိုက်နာဆောင်ရွက်ရန် နည်းလမ်းများ ၁။ အမွေဆက်ခံကြောင်း အထောက်အထား (Succession Certificate) လျှောက်ထားခြင်းအမွေဆိုင်များက သက်ဆိုင်ရာ တရားရုံးတွင် သေဆုံးသူ၏ အမွေဆက်ခံသူများဖြစ်ကြောင်း တရားဝင်အမိန့် (Succession Certificate) ကို ဦးစွာလျှောက်ထားရယူရပါမည်။ ဒါမှသာ မြေပုံ/မြေရာဇဝင် အမည်ပြောင်းခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းများ လုပ်ဆောင်နိုင်မည်။ ၂။ အမွေဆိုင်များအားလုံး၏ သဘောတူညီချ...