Skip to main content

Posts

Showing posts from October, 2025

ပထမဆုံး မေတ္တာ ဘယ်သူ့ကို ပို့ရသလဲ။ ဘာကြောင့်လဲ။

ပထမဆုံး မေတ္တာ ဘယ်သူ့ကို ပို့ရသလဲ။  ( Disclaimer ) ဘာကြောင့်လဲ။ ဖြေ ။ ။ မေတ္တာပို့မယ့်လူဟာ ပထမဆုံး ကိုယ့်ကိုယ်ကို မေတ္တာပို့ရမယ်။ ပို့နည်းကတော့ - အဟံ အဝေရော ဟောမိ၊ ငါသည် ဘေးရန်ကင်းပါစေ။ အဗျာပဇ္ဈော ဟောမိ၊ စိုးရိမ်ကင်းပါစေ။ အနီဃော ဟောမိ၊ ဆင်းရဲကင်းပါစေ။ သုခီ အတ္တာနံ ပရိဟရာမိ၊ ချမ်းသာပါစေ - လို့ ပို့ရမယ်။ ဘာကြောင့် ကိုယ့်ကိုယ်ကို ပထမ ပို့ရသလဲဆိုတော့ ငါဟာ ရန်ကင်းချင်တယ်။ ဆင်းရဲကင်းပြီး ချမ်းသာချင်တယ်။ အသက်ရှည်ချင်တယ်။ ငါ့လိုပဲ အခြား သတ္တဝါတွေလဲ ချမ်းသာချင်မယ်၊ အသက်ရှည်ချင်မယ်လို့ ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်မယ်၊ ဒီကိုယ်ချင်းစာစိတ်ဟာ မေတ္တာစိတ်ကို ဖြစ်ပေါ်စေမယ်။ ဒါကြောင့် မေတ္တာပျိုးတဲ့အနေနဲ့ ကိုယ့်ကိုယ်ကို ပထမဆုံး မေတ္တာပို့ရမယ်။ Source: wiki

မေတ္တာအရင် မပွားသင့်တဲ့သူများ

  မေတ္တာအရင် မပွားသင့်တဲ့သူများကိုလည်း သိထားရပါတယ်။ သူတို့ကတော့ ၁။ မုန်းတဲ့သူကို အရင် မပို့သင့်ပါဘူး။ မုန်းသူကို မေတ္တာအရင်ပို့မိရင် မေတ္တာမပွားနိုင်ဘဲ ဒေါသဖြစ်လာတတ်လို့ပါ။ ၂။ သိပ်ချစ်ရတဲ့သူများကိုလည်း မေတ္တာအရင် မပို့သင့်ပါဘူး။ မှန်ပါတယ်။ သိပ်ချစ်ရတဲ့သူနဲ့ပတ်သက်လာရင် ဒုက္ခဖြစ်တယ် အဆင်မပြေဘူးဆိုတာမျိုးကြားရရင်တောင် စိတ်ဆင်းရဲမှုဖြစ်လွယ်လို့ မေတ္တာအရင်မပို့သင့်တာပါ။ ၃။ မချစ် မမုန်းတဲ့သူကိုလည်း မေတ္တာအရင်မပို့သင့်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အကြောင်းမသိဘဲ ချစ်တဲ့သူနေရာမှာထားပြီး မေတ္တာပွားရင် ပင်ပန်းမှုတွေကြုံရတတ်လို့ပါ။ ၄။ ကိုယ့်ရန်သူကိုလည်း မေတ္တာအရင် မပို့သင့်ပါဘူး။ ကိုယ့်ရန်သူကို မေတ္တာအရင်ပို့ရင် မေတ္တာမပေါ်ဘဲ ဒေါသအရင် ဖြစ်လာတတ်လို့ပါ။ ၅။ ဆန့်ကျင်ဘက် လိင်ရှိသူကိုလည်း မေတ္တာအရင်မပို့သင့်ပါဘူး။ ဆိုလိုတာက အမျိုးသားများက အမျိုးသမီးများကို၊အမျိုးသမီးများက အမျိုးသားများကို မေတ္တာအရင် မပို့သင့်တာမျိုးပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဆန့်ကျင်ဘက်လိင် ရှိသူကို မေတ္တာအရင်ပို့မိရင် မေတ္တာအရင် ပေါ်မလာဘဲ စွဲလန်းမှု တဏှာက အရင် ပေါ်လာတတ်လို့ပါ။ ပြီးတော့ ၆။ ကွယ်လွန်သွားသူကိုတော့ ဘယ်တော့မှာ မေတ္တာမပို့သ...

မေး။ ။ လူတစ်ယောက်ကို မေတ္တာဘယ်နှစ်ခု ပို့နိုင်ပါသလဲ။ နမူနာ ပို့ပြပါ။

  မေး ။ ။ လူတစ်ယောက်ကို မေတ္တာဘယ်နှစ်ခု ပို့နိုင်ပါသလဲ။ နမူနာ ပို့ပြပါ။ ဖြေ ။ ။ လူတစ်ယောက်ကို မေတ္တာ ၄ ခုသာ ပို့နိုင်ပါတယ်။ ဥပမာအားဖြင့် - ပါဠိလို ……………………………………………………………. မြန်မာလို မမအာစရိယော…………………………………………………. ငါရဲ့ဆရာ (…………….) သည် ၁။ အဝေရာ ဟောတု ………………………………………….. ရန်ကင်းပါစေ ၂။ အဗျာပဇ္ဇော ဟောတု……………………………………….. ကြောင့်ကြကင်းပါစေ ၃။ အနီဃော ဟောတု …………………………………………. ဆင်းရဲကင်းပါစေ ၄။ သုခိ အတ္တာနံ ပရိဟရန္တု ……………………………………. ချမ်းချမ်းသာသာ ရှိပါစေ လို့ ဒီလေးပါးပဲ ပို့နိုင်ပါတယ်။

သဗ္ဗေသတ္တာစတဲ့ မေတ္တာပို့ ဗြဟ္မဝိဟာရ ပွားများနည်းကို အနက်အဓိပ္ပာယ်မသိဘဲ ရွတ်နေလို့ မေတ္တာပို့ရာ ရောက်ပါ့မလား။

  မေး ။ ။ သဗ္ဗေသတ္တာစတဲ့ မေတ္တာပို့ ဗြဟ္မဝိဟာရ ပွားများနည်းကို အနက်အဓိပ္ပာယ်မသိဘဲ ရွတ်နေလို့ မေတ္တာပို့ရာ ရောက်ပါ့မလား။ ဖြေ ။ ။ အနက်အဓိပ္ပာယ်မသိဘဲ ပါဠိကို လျှောက်ရွတ်နေလို့ မေတ္တာပို့ရာ မရောက်ပါဘူး။ ပရိတ်ကိုရွတ်လို့ အန္တရာယ်ကင်းပေမယ့် မေတ္တာကိုရွတ်လို့ မရပါဘူး၊ မသိဘဲ ရွတ်နေလို့ မေတ္တာပို့ရာ မရောက်ပါဘူး။ ပရိတ်တော်ကတော့ မသိဘဲရွတ်ပေမယ့် ဘုရားဂုဏ်တော်တွေကို ရွတ်ဖတ်နေတာဖြစ်လို့ အဲဒီပရိတ်ကို ကြားနာလိုတဲ့ နတ်ဗြဟ္မာတွေက ကြားနာနိုင်တဲ့အတွက် မိမိက မသိပေမယ့် ဓမ္မဒေသနာကုသိုလ်တော့ ရနိုင်ပါတယ်။ အဲဒီကုသိုလ်ကြောင့် အန္တရာယ် ကင်းနိုင်ပါတယ်။ ဒီ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မဝိဟာရ တရားတွေက စိတ်တည်ငြိမ်အောင် သမာဓိရအောင် ပွားများရတဲ့ ဘာဝနာကမ္မဋ္ဌာန်းတွေ ဖြစ်ပါတယ်။ ချစ်မြတ်နိုးတဲ့ သတ္တဝါတွေ အကျိုးကို တကယ်မလိုလားဘဲ၊ ဒုက္ခိတ သတ္တဝါတွေကို တကယ်မသနားဘဲ၊ သုခိတသတ္တဝါတွေကို တကယ်မဝမ်းမြောက်ဘဲ သတ္တဝါတွေဟာ ကမ္မသကာ ကံတရားစီမံရာပဲလို့ တကယ်စိတ်က မရောက်ဘဲ သဗ္ဗေသတ္တာ၊ သဗ္ဗေပါဏာတွေကို အရကျက်ပြီး လျှောက်ရွတ်နေလို့တော့ မေတ္တာပို့ရာ မရောက်ပဘူး။ ဒါကြောင့် ပါဠိကို ခက်လို့ အနက်မထင်တဲ့ ပါဠိမတတ်တဲ့ လူတွေဟာ ရှေးငါးရာ...

မင်္ဂလာပါ ဆိုသည်မှာ -

 မင်္ဂလာပါ။ အဓိပ္ပာယ်က တော့ မဟုတ်တာကို မလုပ်နဲ့၊ ဟုတ်တာကို လုပ်။ မဟုတ်တာ၊မမှန်တာမလုပ်မိကြစေဖို့၊မကြံစည်မိကြစေဖို့ အပြန်အလှန်သတိပေးကြသည့်သဘော သက်ရောက်စေသည့် မြန်မာတို့၏ နှုတ်ဆက်စကား မင်္ဂလာပါ။ မင်္ဂံ လုနာတီတိ မင်္ဂလံ ပေါ့။ မင်္ဂံ မကောင်းမှု ဒုစရိုက်ကို လုနာတိ ဖြတ်တတ်၏ က္ကုတိတသ္မာ ထို့ကြောင့် မင်္ဂလံ မင်္ဂလာ မည်၏။ အဲဒီတော့ မကောင်းမှု တွေကို ပယ်ဖျက်နိုင်တဲ့ သဘောတရားဟာ မင်္ဂလာပေါ့ဗျာ